ယိုရှီ ဆိုတဲ့ကောင်လေးဟာ သာမန်စက်ရုံကအလုပ်သမားတစ်ယောက်ပါ။ပြီးတော့ အပြင်ကနေ ပစ္စည်းတွေကိုလျှော့ဈေးနဲ့ဝယ်ပြီး အွန်လိုင်းကနေပြန်ရောင်းတာလည်းလုပ်ပါတယ်။ဒါပေမဲ့ နောက်ကျတော့စွန့်ဦးစီးပွားရေးလုပ်ချင်စိတ်နဲ့ အလုပ်ကနေထွက်ပြီး အဲ့အွန်လိုင်းပစ္စည်းရောင်းတဲ့ဘက်ကိုပဲ လှည့်လိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ မျိုးမျိုးမြတ်မြတ်ရချင်တဲ့အတွက်ပဲဖြစ်ပါတယ်။တစ်ရက်မှာတော့သူဟာ ဒီဇိုင်နာအိတ်အတုတွေကိုဝယ်မိပြီး အတုမှန်းမသိ အစစ်မှန်းမသိဘဲပြန်ရောင်းလိုက်မိပါတော့တယ်။အဲ့ဒီနောက် ဝယ်သူတွေက ဒေါသပုန်ထလာတဲ့အချိန်မှာတော့ ယိုရှီတစ်ယောက်အသက်အန္တရာယ်ပါကြုံရလာပါတော့တယ်။