Man with No Past HD

Man with No Past

Action Drama HD 2025-01-13 6 103 Min

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Action/Drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်တည်းခိုခန်းတစ်ခုမှာ အိပ်မက်ကနေ နိုးထလာတဲ့ Ryderတစ်ယောက်ဟာ မိမိအမည်ကိုမိမိတောင် မသိရှိဘဲပြန်စုံစမ်းရတဲ့အထိ အတိတ်ပျောက်ဆုံးနေသူတစ်ယောက်ပါရောမခေတ်နဲ့ နာဇီပါတီကြီးစိုးချိန်ကာလကို မြင်ယောင်နေရင်းအိပ်မက်ထဲမှာ မြင်နေကျမျက်နှာတွေကို အပြင်မှာပါ မသဲကွဲပြန်မှတ်မိချိန်မှာတော့Ryder တစ်ယောက်အဖြေရှာဖို့ဖြစ်လာပါတော့တယ်…တစ်ချိန်တည်းမှာလည်း Ryder ကို မသင်္ကာတဲ့ရဲအရာရှိတစ်ယောက်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းရင်း Ryderအကြောင်းဘယ်လိုမှရှာမတွေ့တဲ့နောက်မှာတော့…ဒီဇာတ်ကားလေးမှာဆိုရင် ရောမခေတ်၊ နာဇီပါတီကြီးစိုးစဉ်ကာလနဲ့ လက်ရှိမျက်မှောက်ကာလကို ပူးတွဲပုံဖော်ထားမှုဟာဆွဲဆောင်မှုရှိလှပြီး နိုင်ငံရေးစီးပွားရေးစစ်ရေးဆိုင်ရာတွေကိုလည်းအကျဉ်းရုံးပြသထားတာကာ သဘာလွန်ဖြစ်ရပ်တွေနဲ့လည်းဖြည့်စွက်ထားလို့ ရသစုံတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်အက်ရှင်မှာဆိုရင်လည်း ရောမခေတ်အက်ရှင်စစ်ပွဲအက်ရှင်မြို့ပြအက်ရှင်အကုန်လုံး ပေါင်းစပ်ပြသထားတာဖြစ်လို့အက်ရှင်ချစ်ပရိသတ်များ အကြိုက်တွေ့နိုင်မှာ သေချာပါတယ်…အချိန်ကာလယန္တရားကို အပြိုင်ချိတ်ဆက်ကာ Rydeတစ်ယောက်အကြောင်းကို ဘယ်လိုပုံဖော်ပြသွားမလဲ…….Ryder ဆိုတာကရော ဘယ်သူလဲ…………..ဘာကြောင့် အတိတ်ပျောက်ဆုံးနေရတာလဲ……ဘာကြောင့်အိပ်မက်တွေမြင်မက်နေရတာလဲ………..သဘာဝလွန်စွမ်းအင်တွေကရော ဘာအတွက်ပါရတာလဲ……စသည့် စသည့် ပဟေဠိတွေကိုတော့ ဒီဇာတ်ကားလေးကြည့်ရင်အဖြေရှာကြည့်နိုင်ဖို့ရုပ်ရှင်ချစ်သူပရိသတ်များကို ညွှန်းပေးလိုက်ရပါတယ်ဗျာ…..