Night Train HD

Night Train

Crime Horror Thriller HD 2009-04-15 5.5 87 Min

၂၀၀၉ ခုနှစ်ကထွက်ရှိထားတဲ့ Night Train ကတော့ Mystery ၊ Thriller အမျိုးအစားဖြစ်ပါတယ်။ခရစ္စမတ်ညရဲ့ လူနည်းစုသာလိုက်ပါလာတဲ့ ရထားတစ်စီးပေါ်မှာ အမျိုးသားတစ်ဦးဟာ ဆေးလွန်ပြီးသေဆုံးသွားခဲ့ပါတယ်။ တွဲစောင့်မိုင်စ်နဲ့အတူသေဆုံးသူနဲ့တစ်တွဲတည်းအတူစီးခဲ့ကြတဲ့ခရီးသည်တွေဖြစ်တဲ့ခိုးလီနဲ့ ပိတို့ဟာ သေဆုံးသူရဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုကို ရှာတွေ့သွားခဲ့ကြပါတယ်။အဆိုပါသေတ္တာလေးဟာ သဘာဝလွန်စွမ်းအားရှိတဲ့ပစ္စည်းတစ်ခုဆိုတာ မသိကြဘဲ သေတ္တာထဲကိုကြည့်မိသူတိုင်းက မိမိလောဘကိုရောင်ပြန်ဟပ်ပြီး ကိုယ်အလိုချင်ဆုံးအရာကိုမြင်တွေ့ရတတ်ပါတယ်။သေတ္တာထဲကို ကြည့်မိတဲ့ မိုင်စ်၊ ပိနဲ့ ခိုးလီတို့သုံးယောက်ပေါင်းပြီး သေတ္တာကိုအပိုင်စီးဖို့အတွက်အလောင်းဖျောက်ဖို့ ကြိုးစားကြရာကနေ ရထားပေါ်မှာ သေတ္တာကိုလိုချင်နေတဲ့လူတွေက သူတို့တင်မကဘူးဆိုတာသိရှိလာကြရပါတော့တယ်။ ရထားပေါ်မှာသေတ္တာကိုပိုင်ဆိုင်ရဖို့ အချင်းချင်း သတ်ဖြတ်လာကြတဲ့အခါမှာတော့မိုင်စ်၊ ပိနဲ့ခိုးလီတို့ အသက်ရှင်ကျန်ရစ်ခဲ့နိုင်မှာလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။