Mozart and the Whale HD

Mozart and the Whale

Comedy Drama Romance HD 2005-09-10 6.2 92 Min

Autism လို့ခေါ်တဲ့ မြန်မာအခေါ်  အထီးကျန်ခြင်းစိတ်ဝေဒနာကို ခံစားနေရတဲ့သူတွေကလူကြီးလူငယ်ကျားမ မရွေးရှိကြပါတယ်။ ဒီလိုဝေဒနာမျိုးကိုခံစားနေရပေမဲ့ သူတို့တွေထဲမှာကိုယ့်အားကိုယ်ကိုးပြီး သူများတွေထက် နောက်ကောက်မကျအောင် အမြဲတမ်းကြိုးစားနေသူတွေလည်းရှိပါတယ်။အပြင်လူတွေရော ဒီလိုဝေဒနာရှင်အချင်းချင်းပါအားပေးကူညီကြရင် ဒီလိုလူတွေအတွက် မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ သာယာတဲ့ကမ္ဘာကြီးတစ်ခု ဖြစ်စေမှာကတော့ အမှန်ပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်းAutism လိုမျိုး ဝေဒနာနဲ့ဆင်တူတဲ့ Asperger ဝေဒနာရှင်နှစ်ယောက် အချင်းချင်းကူညီဖေးမရင်းနဲ့ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးကို ကြည်နူးစိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကMozart and the Whale ဖြစ်ပြီး IMDb Rating 6.7အထိရရှိထားပါတယ်။ မင်းသား မင်းသမီးကလည်းနာမည်ကြီး Josh Hartnett နဲ့ Radha Mitchell တို့အပြင် တခြားသောနာမည်ကြီးတွေပါပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်မကောင်းမှာတော့စိတ်ပူစရာမလိုပါဘူး။ဒီဇာတ်ကားလေးထဲက အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ ဒေါ်နယ်နဲ့ အစ်စဘဲလ်လို့ခေါ်တဲ့အထက်မှာပြောခဲ့တဲ့ Asperger ဝေဒနာရှင်နှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်ကဒေါ်နယ်တည်ထောင်ထားတဲ့ဝေဒနာရှင်အချင်းချင်း ဖေးမကူညီပေးတဲ့အဖွဲ့မှာ စတွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ဒေါ်နယ်က ဝေဒနာခံစားနေရပေမဲ့ သင်္ချာမှာ သာမန်လူတွေထက်ကို ပိုမိုထူးကဲကျွမ်းကျင်ပြီးအစ်စဘဲလ်ကလည်းအနုပညာကိုရူးသွပ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့စတွေ့ပြီး သိပ်မကြာခင်မှာတင် အစ်စဘဲလ်ကအချစ်ငတ်နေသူတစ်ယောက်ဖြစ်နေတဲ့အတွက် ဒေါ်နယ့်ကိုရေလာမြောင်းပေးလုပ်ရင်းနဲ့မှ သူတို့နှစ်ယောက်ကြားကသာမန်နဲ့မတူတဲ့ အချစ်ခရီးစဉ်လေးက ဘယ်လိုဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲရှုစားလိုက်ကြဖို့ညွှန်းပေးလိုက်ချင်တဲ့ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။