Perfect Stranger HD

Perfect Stranger

Crime Thriller Mystery HD 2007-04-11 5.785 109 Min

ဒီဇာတ်ကားကတော့ ဒါရိုက်တာ James Foley ရိုက်ကူးထားပြီး မင်းသမီး Halle Berry နဲ့ မင်းသား Bruce Willis,Giovanni Ribisi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုအမှုဇာတ်လမ်းလေးပါ။ရိုဝီနာကတော့ ဒေးဗစ်ရှိန်းဆိုတဲ့နာမည်နဲ့ နာမည်ကြီးဂျာနယ်လစ်တစ်ဦးပါ။ တစ်နေ့မှာတော့သူမရဲ့ငယ်သူငယ်ချင်းဖြစ်သူ ဂရေ့စ်က သူမဆီရောက်လာပြီး ဒိတ်ဒိတ်ကျဲ သူဌေးတစ်ယောက်ရဲ့သတင်းကို ရေးပေးဖို့တောင်းဆိုလာခဲ့ပါတယ်။ သူဌေးရဲ့ မယားငယ်လုပ်နေတဲ့ ဂရေ့စ်က သူ့ကိုတာဝန်မယူရင်ဇနီးဖြစ်သူဆီသွားမယ့်အပြင်သတင်းရေးတင်မယ်လို့ပါ သူဌေးကို ခြိမ်းခြောက်နေခဲ့တာပါ။ ဒီလိုနဲ့ မကြာခင်မှာပဲ ဂရေ့စ်ကအသတ်ခံလိုက်ရတဲ့အခါရိုဝီနာတစ်ယောက် သူငယ်ချင်းဖြစ်တဲ့ ဟက်ကာ မိုင်းနဲ့အတူဟာရီဆန်ဟေးလ်ဆိုတဲ့ သူဌေးကြီးကိုစုံစမ်းဖို့ဖြစ်လာပါတော့တယ်။ စုံစမ်းတဲ့ခရီးတစ်လျှောက်မှာ သူတို့ဘာသက်သေတွေရမလဲ…ရှာတွေ့ခဲ့တဲ့သက်သေတွေက အမှန်တွေပဲလား… ဂရေ့စ်ကိုသတ်တဲ့လူသတ်သမားရော တကယ်ပဲဟာရီဆန်လား…ဘယ်သူဖြစ်နေမလဲ… မိုင်းကလဲ ရိုဝီနာအပေါ် စွဲလမ်းမှုတွေရှိနေတဲ့အခါ …ဘယ်သူလူသတ်သမားလဲဆိုတာ ဒီကားလေးထဲမှာ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရှာဖွေရမှာပါ။