Carol HD

Carol

Drama Romance HD 2015-11-20 7.493 118 Min

ဒီတစ်ခေါက်ကတော့ Patricia Highsmithe ရဲ့ The price of Salt Novel ကိုပြန်လည်ရိုက်ကူးထားတဲ့ rating မြင့်ဇာတ်လမ်းကောင်းတစ်ကားပါ။ဒီကားကိုဒါရိုက်တာ Todd Haynesခေါင်းဆောင်ရိုက်ကူးထားပြီး မင်းသမီးကြီး Cate Blanchett , Rooney Mara တို့ပါ၀င်ပါတယ်။မင်းသမီးနှစ်ယောက်လုံး Oscar Nominations ၀င်ခဲ့တာမို့လို့သရုပ်ဆောင်ကိုတော့အထူးတလည်ပြောပြစရာတောင်မလိုတော့ပါဘူး။လူတိုင်းလူတိုင်းဘ၀မှာ ကိုယ်တိုင်ရဲ့တည်ရှိမှုကိုမေးခွန်းပြန်ထုတ်စေနိုင်တဲ့တစ်စုံတစ်ဦးကတော့ရှိစမြဲပဲဘာအကြောင်းပြချက်ကြီးကြီးမားမားမှမရှိပါပဲနဲ့ ဒီတစ်ယောက်ကိုမှအလိုလိုတောင့်တနေမိတာမျိုး။နားလည်မပေးနိုင်တဲ့ချစ်သူကောင်လေး ၊ ငြီးငွေ့ဖွယ်အလုပ်တို့ထဲပိတ်မိနေသူ အသက်၂၀သာရှိသေးတဲ့မိန်းမငယ်လေးတစ်ဦးအတွက်‌တော့ ကယ်ရိုလ်ဆိုတဲ့လူကုန်ထံအသိုင်းအဝိုင်းမှ သက်လတ်ပိုင်းအမျိုးသမီးက အဲ့လိုဖြစ်တည်မှုတစ်ခုဖြစ်လာခဲ့တယ်။စူးရဲရဲအကြည့်၊ နီရဲရဲနှုတ်ခမ်းတို့နဲ့ရင့်ကျက်တဲ့အလှတရားပိုင်ရှင် ကယ်ရိုလ်နေရာမှာသရုပ်ဆောင်တဲ့ မင်းသမီးကြီး Cate Blanchett ကအသံနဲ့တင်ဖမ်းစားနိုင်စွမ်းရှိတာမို့ကောင်လေးရောကောင်မလေးပါလက်မလွှတ်သင့်ပါဘူး။age-gaprelationship တွေကိုမှကြိုက်ပါတယ်ဆိုတဲ့သူတွေဆို ပိုလို့တောင်ကြည့်သင့်ပါသေးတယ်။1950s ခုနှစ်ပိုင်းတွေမှာ LGBTQ ဆက်ဆံရေးတွေအပေါ်လူတွေရဲ့အမြင်၊ခေါင်းစဉ်တပ်ခွင့်မရှိတဲ့ဆက်ဆံရေးတစ်ခုအနေနဲ့ ဒီအမျိုးသမီးနှစ်ဦးအတွက်အဆုံးသတ်ရောကောင်းနိုင်ပါ့မလား ဒါတွေကိုတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြနော်။