Nang Nak HD

Nang Nak

Drama Horror Romance HD 1999-07-23 6.3 111 Min

မယ့်နက်ရာဇဝင်ကို ပြန်ပြောင်းပြောပြရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က…ဖရာခနုန်မြစ်ကမ်းနံဘေးမှာ နက်ဆိုတဲ့ သိပ်လှတဲ့မိန်းကလေးနဲ့ သူ့ကိုသိပ်ချစ်တဲ့ မက်ဆိုတဲ့ကောင်လေးတို့ကအကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြတာပေါ့…ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးလေတော့မက်တစ်ယောက် တိုင်းပြည်အတွက် စစ်ထွက်ဖို့ တာဝန်ပေးခံရပြီး ကိုယ်ဝန်ကြီးနဲ့မယ့်နက်တစ်ယောက်ခမျာခင်ပွန်းဖြစ်သူနဲ့ခွဲခွာရလို့ တစ်ယောက်တည်းကျန်နေခဲ့တာပေါ့…ကံကထပ်ဆိုးချင်တော့ နက်တစ်ယောက် မီးမဖွားနိုင်ဘဲ မီးတွင်းထဲမှာပဲ ဆုံးပါးသွားရရှာပါတယ်…ဒါကို တိုက်ပွဲမှာသေလုမျောပါးဒဏ်ရာရလိုက်တဲ့ မက်က မသိခဲ့ရှာဘူး…ဒီလိုနဲ့ ဒဏ်ရာတွေသက်သာလို့ဇနီးဖြစ်သူဆီ ပြန်အလာ သားနဲ့မိန်းမက အိမ်ဝမှာလာကြိုတာကိုမြင်လို့ ပျော်ရွှင်နေတဲ့မက်တစ်ယောက်သူနဲ့ဇနီးဖြစ်သူနဲ့သားငယ်လေးက ဘဝခြားနေပြီဆိုတာ သိလိုက်ရချိန်မှာတော့…