ဒီဇာတ်ကားလေးကတော့ ရိုးသားပြီးဗဟုသုတနည်းတဲ့ရွာသူရွာသားတွေကိုအသုံးချပြီးတော့ ရှေးရိုးနတ်အယူအဆတွေကိုသုံးပြီးတော့အကျိုးအမြတ်ထုတ်တဲ့ရွာသူကြီးနဲ့ နတ်ဆရာကို ပြန်ပညာပေးတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။တရုတ်ပြည်အရှေ့မြောက်ဒေသမှာ မြေခွေး၊ မြွေ၊ ကြွက် စတဲ့ သတ္တဝါ(၅)မျိုးကိုနတ်အဖြစ်နဲ့ကိုးကွယ်တဲ့ဓလေ့ရှိကြတယ်။ ရွာလေးတစ်ရွာမှာမိန်းမပျိုလေးတွေဟာ အကြောင်းမဲ့ထူးထူးဆန်းဆန်းအမြဲသေကြတယ်။အဲဒါဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက ရွာသင်္ချိုင်းမှာ ကြွက်သောင်းကျန်းတဲ့အချိန်ကြွက်သတ်ဆေးချပြီး နှိမ်နင်းခဲ့တဲ့အတွက် ကြွက်နတ်အမျက်ထွက်ပြီးနှစ်စဉ်မိန်းကလေးတွေကိုစားတာဖြစ်တယ်ဆိုပြီးတော့ နတ်ဆရာကပြောပါတယ်။ဒါကိုယုံကြည်ကြတဲ့ရွာသားတွေက လူသတ်သမားကိုရှာဖို့မကြိုးစားပဲကြွက်သတ်ခဲ့တဲ့သူကိုသာအပြစ်ပုံချခဲ့ကြတယ်။ တစ်နေ့မှာတော့မြို့ကမှုခင်းဆရာဝန်လေးတစ်ယောက်ရောက်လာပြီး အရာအားလုံးကိုသိပ္ပံနည်းကျကျတွေးတောပြီး စုံစမ်းလိုက်တဲ့အခါမှာတော့ ……