Rogue River HD

Rogue River

Horror Thriller HD 2012-01-16 5 81 Min

ရော့ခ်မြစ်နားမှာ သေဆုံးသူဖခင်ရဲ့ အရိုးပြာကို လာစွန့်ပစ်တဲ့ မာရာဟာ သူစိမ်းတစ်ယောက်ဖြစ်သူ ဂျွန်နဲ့ တွေ့ဆုံခဲ့ပါတယ်။အရိုးပြာစွန့်ပစ်ဖို့ ခွင့်ပြုချက်လိုမယ့်အကြောင်းလာပြောပြတဲ့ ဂျွန်နဲ့စကားစပ်မိရင်းကနေ ဂျွန်ကလည်း ဒီနေရာကို သူ့သမီးနဲ့အတူလာတတ်ကြောင်း ပြောပြခဲ့သလိုမာရာကလည်း သူ့အဖေနဲ့ စခန်းချအမဲလိုက်ဖူးတဲ့ အမှတ်တရတွေကို ပြောပြနေခဲ့ပါတယ်။နောက်တော့ မမှောင်ခင်မှာပဲ တောစပ်က ကားနားထိ အတူတူလမ်းလျှောက်လာခဲ့ကြပါတယ်။ကားလမ်းဘေးကိုပြန်ရောက်တဲ့အခါမှာ သူစီးလာတဲ့ကားကို ထူးဆန်းစွာ ပျောက်ဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။လူသူရှားပါးတဲ့အရပ်ဖြစ်နေတဲ့အတွက် ဂျွန်နဲ့ပဲ လမ်းကြုံလိုက်ခဲ့ဖို့ မာရာ ဆုံးဖြတ်ခဲ့ပါတယ်။ဂျွန့်အိမ်ကနေတစ်ဆင့် မြို့ထဲကိုသွားဖို့ စီစဉ်ထားတဲ့ မာရာဟာ သူ့ကို နွေးထွေးစွာ ကြိုဆိုနေတဲ့ဂျွန်နဲ့လီယာတို့ဇနီးမောင်နှံရဲ့ ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်ဘဲ ဂျွန်တို့အိမ်မှာ ညအိပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ညတွင်းချင်းပဲ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က ဂျွန်နဲ့လီယာ တို့ရဲ့အရုပ်ဆိုးအကျည်းတန်မှုတွေတစ်ရစ်ချင်းပေါ်လာတဲ့အချိန်မှာတော့ မာရာ့အတွက် ငရဲကို လက်တွေ့ကြုံရတဲ့ ညတစ်ညဖြစ်လာပါတော့တယ်။ဘယ်လောက်ပဲ အပေါ်ယံဖော်ရွေတဲ့သူပဲဖြစ်ဖြစ်သူစိမ်းဖြစ်နေခဲ့ရင် အယုံမလွယ်သင့်ဘူးဆိုတာကိုအကောင်းဆုံး ဥပမာပေးနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။