ဇာတ်လမ်းရဲ့အစမှာတော့ အထူးတပ်ဖွဲ့တစ်ဖွဲ့က လူတစ်ယောက်ကိုဝိုင်းအမဲလိုက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့ရဲ့တာဝန်ကအဲ့ဒီလူကိုရှင်းပစ်ဖို့ဖြစ်ပြီးဘာလို့အဲ့လိုလိုက်လုပ်နေရတယ်ဆိုတာကိုသိချင်ရင်တော့အချိန်နောက်နည်းနည်းပြန်ဆုတ်ရပါလိမ့်မယ်။အဲ့ဒီအထူးတပ်ဖွဲ့ကိုဝန်ကြီးချုပ်က ခိုင်းထားတာဖြစ်ပြီးဝန်ကြီးချုပ်နဲ့ဇယားရှိတဲ့လူဆိုရင်တစ်နှစ်တစ်ခါရှင်းပစ်ဖို့သူတို့ကိုနာမည်စာရင်းတွေပေးနေကျဖြစ်ပါတယ်။ဒီနှစ်မှာတော့ ဆာ့ဂျ်ဆိုတဲ့နိုင်ငံရေးအသိုင်းအဝိုင်းထဲက လူတစ်ယောက်လည်းပါဝင်နေပြီးသူကစာရင်းထဲမှာနောက်ဆုံးပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်သူ့ကိုဦးစားပေးရှင်းပစ်ဖို့ဖြစ်လာပါတော့တယ်။သူကတော့အဲ့ဒါတွေကိုမသိဘဲ ကျေးလက်ကအိမ်လေးမှာမိသားစုနဲ့အတူတူအားလပ်ရက်အပန်းဖြေနေပါတော့တယ်။ဒီလိုနဲ့အဲ့ဒီလူတွေရောက်ချလာပြီး သူ့ကိုရှင်းဖို့လုပ်တဲ့အခါမှာတော့မိသားစုတစ်ဖက်နဲ့ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေတဲ့ဆာ့ဂျ်ကိုလျှို့ဝှက်ဆန်းကြယ်မှုတွေအများကြီးနဲ့ သူ့ဥယျာဉ်မှူးကဘယ်လိုတွေကူညီပေးသွားမလဲဆိုတာကို စိတ်ဝင်စားစရာ ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။