ဒီဟာသကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ခဲ့တဲ့ဒိန်းမတ်စကားပြော Maybe Baby ရဲ့အဆက်ပါ။အန်ဒရီရာ- စီစီလီ စုံတွဲနဲ့ မော့ထ်-လိဗ် စုံတွဲနှစ်တွဲရဲ့အလွဲလေးတွေအကြောင်းရိုက်ထားတာပါ။ပထမကားမှာ သူတို့စုံတွဲကို ဆေးခန်းက မတော်တဆမျိုးဥချင်းမှားထည့်ပေးမိလိုက်လို့ ကလေးမွေးပြီးမှကလေးချင်းလဲလိုက်ရပါတယ်။ဘယ်လိုတောင်ပြောရမလဲကိုယ်ကမွေးတဲ့သူများကလေးနဲ့သူများမွေးတဲ့ကိုယ့်ကလေးပေါ့။ အဲ့တာနဲ့ ကလေးလေးတွေ၂ နှစ်ပြည့်ရောက်ခါမှ ဇာတ်လမ်းကပြန်စလာတယ်။အဲ့အချိန်တုန်းက ဆေးခန်းက သူနာပြုရဲ့ တိကျမှုကြောင့်မျိုးဥတွေမလွဲပါဘူးတဲ့ ကိုယ်မွေးခဲ့တာကိုယ့်ကလေးအရင်းခေါက်ခေါက်ပါတဲ့။ ကဲဘယ်လိုလုပ်ကြမလဲ။အတော်နောက်တဲ့ဆေးခန်း။ အဲ့ဒီတော့ ၂နှစ်လောက်တောင်ကိုယ့်ကလေးလို့ထင်ပြီး သံယောဇဉ်တွေတွယ်လာကြတာပြန်လဲမပေးချင်၊ တစ်ဖက်စုံတွဲဆီက ကိုယ့်ကလေးအရင်းလေးနဲ့လည်း နေချင်ဆိုတော့ နောက်ဆုံးနှစ်အိမ်ထောင်ပေါင်းပြီး ပူးတွဲနေထိုင်ရေးအစီအစဉ်လုပ်ကြပါတော့တယ်ဒါပေမယ့် သွေးမတော်သားမစပ်တွေ ပေါင်းနေတဲ့အချိန်မှာမတူညီတဲ့အကျင့်စရိုက်တွေ၊ ကိုယ့်ကလေးကို ပိုင်ဆိုင်ချင်တဲ့လောဘစိတ်တွေနဲ့ ဘယ်လိုတွေလွဲကြ ပြန်ပေါင်းထုပ်ကြမလဲဆိုတာတစ်ချက်မှမပျင်းရဘဲနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။