American Pie Presents: The Book of Love HD

American Pie Presents: The Book of Love

Comedy HD 2009-12-07 5.3 93 Min

ရော့ဘ်၊ လု့ဘ်၊ နဲ့ နေသန် တို့ ၃ ယောက်ဟာ လူပျိုရည်မပျက်သေးတဲ့ အထက်တန်းကျောင်းသားလေးတွေဖြစ်ပါတယ်….အဲဒီတော့ထုံးစံအတိုင်းပဲ လူပျိုရည်ပျက်ရေး၊ ဒို့အရေးနဲ့ တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ခဲ့သော်ငြားလည်းပဲ မဖြစ်မြောက်လာဘဲမှိုတက်တော့မယ့် ညီလေးကို ပေါ်လစ်တင်ရင်းသာ အချိန်တွေကုန်လာခဲ့ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ ကျောင်းစာကြည့်တိုက်ကြီး မီးလောင်သွားပြီးAmerican Pie ပထမဆုံးဇာတ်ကားကတည်းက ကျောင်းမှာလျှို့ဝှက်တည်ရှိနေတဲ့ရှေးနောင်တော်ကြီးများရေးခဲ့တဲ့ လိင်မှုလက်တွေ့လက်စွဲစာအုပ်ကြီးက သူတို့လက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ဒီလိုနဲ့ သုံးယောက်ပေါင်း အလောင်းလည်းမကျော်နိုင်သလိုဘာမှလည်းဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ သူငယ်ချင်းသုံးယောက်ခရမ်းသီးနှပ်ဖို့လိုက်ရှာရင်း ဘယ်လိုအလွဲတွေနဲ့ ခွီနေရမလဲဆိုတာ……။ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးမြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။(American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)