Disaster Holiday ဆိုတဲ့ ဇာတ်ကားလေးကတော့ အရမ်းဆွဲဆောင်မှုရှိတဲ့ကားလေးဖြစ်ပါတယ်။ review ကောင်းတွေလဲအများကြီးရထားတဲ့မိသားစုကားလေးပဲ ဖြစ်ပါတယ်။ဂျိုးဇက်ဆိုတဲ့ဖခင်တစ်ဦးဟာ သူ့မိန်းမနဲ့ကွာရှင်းပြီး မိန်းမအသစ်တစ်ယောက်ယူထားသူပါ။ သို့သော်လည်း သူ့ရဲ့ကလေးသုံးယောက်ကိုတော့အချစ်မလျော့ပါဘူး။တတ်နိုင်သမျှအလုပ်လုပ်ပြီးအဘက်ဘက်ကဖြည့်စည်းပေးချင်တဲ့သူတစ်ဦးပါဒါပေမဲ့လည်းသူဟာအလုပ်တွေပဲဖိလုပ်ပြီး ကလေးတွေကိုအချိန်မပေးနိုင်ဖြစ်နေတာဖြစ်ပါတယ်။ကလေးအုပ်ထိန်းခွင့်အတွက်တရားရင်ဆိုင်ရင်း နောက်ဆုံးအခွင့်အရေးအနေ နဲ့ ကလေးတွေနဲ့အားလပ်ရက်ခရီးထွက်ရဖို့ဖြစ်လာပါတော့တယ်။သို့သော်လည်း အလုပ်အစည်းအဝေးနဲ့အားလပ်ရက်ခရီးသွားချိန်နဲ့ကိုက်နေတဲ့အခါမှာ သူဘယ်လိုဖြေရှင်းမလဲကလေးတွေကိုရွေးမှာလားအလုပ်ကိုရွေးမှာလားလမ်းခရီးမှာလည်း ဘယ်လို အခက်အခဲအမှတ်တရတွေရှိလာမလဲ..ကလေးတွေ သူ့အပေါ်ထင်မြင်ချက်ခံစားချက်တွေပြောင်းသွားမှာလားဆိုတာတွေကိုNegative vibe တွေမပါဘဲပေါ့ပေါ့ပါးပါးကြည့်သွားရမှာဖြစ်ပါတယ်။Family comedyကားဖြစ်တာမို့လို့ ပေါ့ပေါ့ပါးပါးကားလေးတွေရှာနေတဲ့သူ စိတ်ပြေလက်ပျောက်ရယ်မောချင်တယ်ဆိုရင်တော့ဒီကားလေးကိုကြည့်ဖို့အကြံပေးချင်ပါတယ်။