ဘာသာရေးကိုအကြောင်းပြုတဲ့ တရားမဝင်ပြစ်မှုအကြောင်းကို ရိုက်ကူးပြသထားတဲ့ The Unrighteousဂျူဟျွန်း (Lee Hyun-Woo) က ဝန်းဂျောင်းဗီလာလို့ခေါ်တဲ့ တိုက်ခန်းဟောင်း သေးသေးလေးမှာ နေမကောင်းဖြစ်နေတဲ့အမေ၊ တူမလေးနဲ့ အတူတူနေထိုင်နေတဲ့သူပါ။ဘဏ်တစ်ခုရဲ့ လုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ကိုင်နေပြီး တစ်ချိန်တည်းမှာပဲ လိုင်စင်ရအိမ်ပွဲစားဖြစ်ဖို့ပြင်ဆင်နေသူလည်းဖြစ်တယ်။အိမ်နီးနားချင်းတွေနဲ့လည်း အဆင်ပြေပြေ ဆက်ဆံတတ်တဲ့သူဖြစ်ပေမဲ့ ရှင်းဟယ် (Moon Jeong-Hee) လို့ခေါ်တဲ့အပေါ်ထပ်အိမ်က အမျိုးသမီးနဲ့တော့ ဆက်ဆံရေးမပြေလည်ခဲ့ပါဘူး။တစ်နေ့မှာ ဂျူဟျွန်းက ရှင်းဟယ်ရဲ့ စာတိုက်ပုံးထဲကို ဘုရားကျောင်းတစ်ခုရဲ့ လက်ကမ်းစာစောင်ကို ထည့်ခဲ့ပါတယ်။ရှင်းဟယ်ကလည်း နေမကောင်းဖြစ်နေတဲ့သားဖြစ်သူကြောင့် ဘုရားကျောင်းရဲ့ ယုံကြည်သူဖြစ်လာပြီးအလွန်အမင်းအစွန်းရောက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဝန်းဂျောင်းဗီလာတစ်ခုလုံးနဲ့ ဂျူဟျွန်းမိသားစုပါ အစွန်ရောက်ယုံကြည်သူတွေကြောင့်အန္တရာယ်ကျရောက်လာသောအခါ…ဂျူဟျွန်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းပြီး ရုန်းထွက်သွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။