ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ပြင်သစ်အက်ရှင်ဒရမ်မာကားလေးပဲဖြစ်ပါတယ်ဒီကားလေးမှာဆိုရင် ပြင်သစ်အထူးတပ်ဖွဲ့ဝင်ဟောင်းဇနီးမောင်နှံနှစ်ယောက်တို့ရဲ့ အသက်ရှင်သန်ဖို့ရုန်းကန်ရမှုကိုဒရမ်မာဆန်ဆန်ဇာတ်အိမ်ဖွဲ့ရိုက်ကူးတင်ဆက်ထားပါတယ်..ပြင်သစ်အထူးတပ်ဖွဲ့အရာရှိများဖြစ်ကြတဲ့ Franck Lazareff နဲ့Leo တို့ဇနီးမောင်နှံဟာ အပတ်စဉ်တူသင်တန်းသားများဖြစ်ပြီးအရာရှိဘဝမှာလည်းတာဝန်ကိုကျေပွန်စွာထမ်းဆောင်ရင်းဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြသူတွေဖြစ်ပါတယ်..ဖခင်ဆုံးရှုံးလိုက်ရတဲ့ အတိတ်ဖြစ်ရပ်ဆိုးကြောင့် ကလေးယူဖို့ကြောက်ရွံ့နေသူ Franck Lazareff နည်းတူ Leoဟာလည်း ကလေးမလိုချင်ခဲ့သူဖြစ်ကာ နှစ်ယောက်တည်းကမ္ဘာကို ပျော်ရွှင်စံစားနေရင်းနှစ်အနည်းငယ်အကြာမှာတော့ Leo မှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ်ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ယောက်ျားဖြစ်သူကိုပြောပြဖို့လုပ်နေချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် စစ်ဆင်ရေးလုပ်ရမယ့်အမှုအခင်းတစ်ခုပေါ်ပေါက်လာပါတော့တယ်..၎င်းအမှုအခင်းမှာပဲ အရင်းနှီးဆုံးအဖွဲ့ဝင်တပ်သားနှစ်ယောက်သေနတ်ပစ်ခံခဲ့ရတဲ့မှုအတွက် တာဝန်ရှိသူ Franck Lazareffတစ်ယောက် တပ်ဖွဲ့ကနေထုတ်ပယ်ခြင်းခံရဖို့ ဖြစ်လာပါတယ်ထုတ်ပယ်ခံရပြီးသိပ်မကြာခင်မှာပဲ ထိုအမှုအခင်းဟာသာမန်ဓားပြတိုက်မှုသက်သက်မဟုတ်နိုင်ကြောင်း သံသယဝင်သွားတဲ့ Franck Lazareffတစ်ယောက်တစ်ကိုယ်တော်စုံစမ်းမှုတွေလုပ်ရင်း အကြောင်းမှန်ကိုသိရှိသွားချိန်မှာတော့…ဒီဇာတ်ကားလေးဟာဆိုရင်ပျော်ရွှင်စရာ အထူးတပ်ဖွဲ့အရာရှိဘဝများမိသားစုဘဝများကို ဒရမ်မာကားသဖွယ်ရိုက်ကူးထားတာဖြစ်လို့အက်ရှင်ကားချစ်ပရိသတ်များသာမကဒရမ်မာချစ်ပရိသတ်များကိုလည်းကျေနပ်စေနိုင်တဲ့ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်ကြရစေဖို့ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ…