To Have and to Holiday FHD

To Have and to Holiday

Comedy Romance TV Movie FHD 2024-11-24 6.1 84 Min

ခရစ္စမတ်ရောက်တော့မယ်ဆိုတော့ ချစ်သူလေးနဲ့ ခရစ္စမတ်ဒရာမာဇာတ်ကားလေးတွေစောင်ခြုံကြည့်ချင်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့To Have and to Holiday ဖြစ်ပြီး လက်ရှိ IMDb Rating 6.1အထိရရှိထားပါတယ်။မင်းသားက Gen V တို့ Ghosts တို့လိုမျိုး နာမည်ကြီးSeries တွေမှာသရုပ်ဆောင်ခဲ့တဲ့ Robert Bazzocchi ဖြစ်ပြီးမင်းသမီးကလည်း ကျရာဇာတ်ရုပ်ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့MadeleineArthur ဖြစ်တဲ့အတွက်ဇာတ်ကားလေးကကြည့်လို့ကောင်းမှာတော့အမှန်ပါပဲ။အဓိကအားဖြင့်ကတော့ ဒီဇိုင်နာဖြစ်ဖို့အိပ်မက်ရှိနေသူဖြစ်တဲ့ဆလက်စ်ဆိုတဲ့ကောင်မလေးနဲ့ဂျေဆန်ဆိုတဲ့မားကတ်တင်းသမားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုလှလှပပရိုက်ကူးပုံဖော်ထားတာပါပဲ။သူတို့နှစ်ယောက်က တွဲတာ ၃ လပဲရှိသေးပေမဲ့အရမ်းချစ်ကြပြီးဒီခရစ္စမတ်မှာအတူတူရှိချင်ကြတဲ့အတွက် ဂျေဆန်က မိသားစုဆီအမြဲတမ်းသွားနေကျခရီးကိုတောင်ဖျက်လိုက်ပြီး ဆလက်စ်ရဲ့မွေးရပ်မြေကိုလိုက်ခဲ့ပါတော့တယ်။ဖြစ်ချင်တော့ဆလက်စ်မိဘတွေနဲ့တွေ့တုန်း ချက်ချင်းနဲ့လက်ငင်းကြီးဆိုသလိုလက်ထပ်ခွင့်ကောက်တောင်းခဲ့တဲ့အတွက် အဲ့ဒီနေရာအဲ့ဒီခရစ္စမတ်မှာပဲ လက်ထပ်ဖို့ဖြစ်လာပါတော့တယ်ဆလက်စ်ရဲ့အမေကတော့သဘောတူပေမဲ့ ဘိုးတော်ကတော့ သူ့သမီးလေးကို၃ လပဲတွဲဖူးတဲ့လူနဲ့ချက်ချင်းလက်မထပ်စေချင်တဲ့အတွက် ကြားကနေဝင်စွက်ဖက်ရင်းနဲ့ဆလက်စ်နဲ့ဂျေဆန်တို့ကြားကမင်္ဂလာဆောင်လေးချောချောမွေ့မွေ့ဖြစ်မြောက်နိုင်ပါ့မလားဆိုတာကို ရိုဆန်ဆန်လေးရှုစားရမှာပဲဖြစ်ပါတယ်။