ဒီကားကိုတော့ ဒါရိုက်တာ Carol Hartsell ရိုက်ကူးထားပြီးမင်းသမီး Sophie Von Haselberg က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးကတော့ မိုတီတွေ အပြည့်ရနိုင်မယ့်အပြင် ခံစားချက်မျိုးစုံကိုပါ ခံစားရစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ရူဘီကတော့ အသက်သုံးဆယ်ရှိလာတာတောင် အလုပ်အတည်တကျမရှိသေးတဲ့သူပါ။ အလုပ်တွေကိုတစ်ခုပြီးတစ်ခုပြောင်းနေရပြီးသူငယ်ချင်းတွေကြားမှာ အရှက်ရမှာစိုးနေတဲ့ ရူဘီက သူ့အလုပ်အကြောင်းကိုလိမ်ထားခဲ့ပါတယ်။မိဘတွေကလည်း အလုပ်အတည်တကျလုပ်ဖို့တိုက်တွန်းလာကြပြီးချစ်သူဖြစ်တဲ့နိုအာကလည်း အလုပ်မရှိတဲ့ရူဘီကို စွန့်ပစ်သွားခဲ့ပါတယ်။စိတ်ဓာတ်ကျနေတဲ့ရူဘီတစ်ယောက် ပန်းခြံတစ်ခုကခုံမှာထိုင်ရင်းနဲ့စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးကြီးတစ်ယောက်နဲ့မိတ်ဆွေကောင်းတွေဖြစ်သွားခဲ့ပါတယ်။ ဒီအမျိုးသမီးကြီးကနေတစ်ဆင့် စတိုးဆိုင်ကို ဆက်ပြီးတော့စီမံပေးဖို့ ရူဘီကိုလွှဲလိုက်တဲ့အခါမှာ ရူဘီတစ်ယောက် ဟမ်တန်မြို့မှာအခြေချဖို့ဖြစ်လာပြီးအကြောင်းအမျိုးမျိုးကြောင့် ဂျွန်ဆိုတဲ့လူနဲ့အခန်းဖော်တွေ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ အခက်အခဲတွေကြားမှာ ဆိုင်လေးကို ရူဘီဘယ်လိုစီမံသွားမလဲ…သစ္စာဖောက်တဲ့ ချစ်သူနဲ့ နောက်ကျောကိုဓားနဲ့ထိုးတဲ့သူငယ်ချင်းတွေနဲ့ဆုံလာတဲ့နောက် ပြဿနာတွေကို ရူဘီဘယ်လိုကိုင်တွယ်သွားမလဲ…ဒီကားမှာတော့ လူဆိုးလူကောင်းကို အမြင်နဲ့တင် မခွဲခြားနိုင်ဘူးဆိုတာကိုသေချာရိုက်ကူးထားတာမလို့ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းပါပဲ။စုံတွဲတွေအကြား ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း သေချာပြသထားတာမလို့ ကြည့်ရှုရင်းနဲ့ ရသစုံရနိုင်ပါတယ်။