ဒီကားကတော့ သူ့ရှေ့ကကားဖြစ်တဲ့ American Pie Presents: The Naked Mile (2006) ရဲ့ အဆက်အနေနဲ့ထွက်ရှိခဲ့တာပါ။ရှေ့ကကားမှာ အထက်တန်းကျောင်းသားလေး အီရစ်စတစ်ဖ်လာတို့တစ်သိုက်သူ့အစ်ကိုရှိတဲ့ ကောလိပ်ကျောင်းမှာ သွားကဲခဲ့ကြပါတယ်။ယခုဇာတ်ကားမှာတော့ အိမ်မက်တွေ တကယ်ပြည့်ဝလာပြီလို့ပြောရမလား၊ အဆိုပါကောလိပ်ကို အီရစ်တို့တသိုက် တကယ်တက်ရောက်ခွင့်ရခဲ့ပါတယ်။တက္ကသိုလ်ကျောင်းမှာ သိတဲ့အတိုင်းအသင်းငယ်လေးတွေဖွဲ့လေ့ရှိပြီး အဆိုပါအဖွဲ့တွေထဲမှာ Beta House ဟာအတော်လေးကိုနာမည်ကြီးပါတယ်။ဒါပေမယ့် Beta House နဲ့ အတော်လေးကွဲပြားပြီး ဆန့်ကျင်ဖက် “စဆရက အသင်း” တစ်ခုလည်းရှိနေပါသေးတယ်။အဆိုပါ စဆရက များဟာ Beta အသင်းကိုဖျက်သိမ်းဖို့ ကြံလာကြပါတော့တယ်။ဒီလိုနဲ့ နှစ်ဖက်အသင်းဟာ ထိပ်တိုက်တွေ့ဆုံလာပြီး ဘယ်လိုတလွဲတွေနဲ့ ပြိုင်ကြဆိုင်ကြရင်း ဘယ်လိုတွေ ခွီနေရမယ်ဆိုတာ……။ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးCM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။(American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Ratedအဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)