Princess Halle and the Jester FHD

Princess Halle and the Jester

Family Fantasy Adventure FHD 2024-05-21 8.3 71 Min

ဒီတစ်ခါတော့ သားသားမီးမီးတို့ အကြိုက်ဖြစ်မယ့် ဒဏ္ဍာရီပုံပြင်ဆန်ဆန် ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဟိုးရှေးရှေးတုန်းက အက်စတိုရီးယန်းဆိုတဲ့ တိုင်းပြည်ကြီးမှာဘုရင်ကြီးဗစ်တာဆိုပြီး ရှိခဲ့ပါတယ်။မိဖုရားကြီးက မင်းသမီးလေး ဟယ်လီကို မွေးဖွားပြီးတဲ့အခါမှာပဲသေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉ နှစ်သမီး အရွယ် ရောက်လာခဲ့တဲ့မင်းသမီးလေးဟာ နန်းတော်ထဲမှာချည်းပဲ နေနေရတာမကြိုက်သူမို့ရုပ်ဖျက်ပြီး နန်းတော်ပြင်ကို တိတ်တိတ်လေး ခိုးထွက်လေ့ရှိပါတယ်။တစ်နေ့ကျတော့ ဘုရင်ကြီးဟာ နောက်မိဖုရား မြှောက်ဖို့အတွက်စီစဉ်ပါတော့တယ်။ အဲဒီတော်ဝင်မင်္ဂလာပွဲ နေ့မှာပဲမှင်စာတွေကသူတို့နန်းတွင်းထဲထိ ရောက်လာတိုက်ခိုက်ပြီးတော့ ဘုရင်ကြီးကိုဖမ်းခေါ်သွားပါတယ်။ မင်းသမီးလေးက ပွဲအတွက် ပျော်တော်ဆက်ဖို့ရောက်နေတဲ့ လူရွှင်တော် ကောင်လေး ဟင်နရီ နဲ့ အတူမှင်စာတွေလက်ထဲကနေ လွတ်အောင် ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ထွက်ပြေးတိမ်းရှောင်ရင်း ဟင်နရီတို့ ရွာကို လိုက်သွားခဲ့တဲ့ မင်းသမီးလေးဟယ်လီဟာ မင်းသမီးသရုပ်မှန်ကို ဖုံးကွယ်ရင်းမှင်စာတွေကိုဘယ်လို ပြန်ပြီး လက်တုံ့ပြန် တိုက်ခိုက်မလဲဆိုတာကိုတော့အိပ်ရာဝင်ပုံပြင်လေး တစ်ခုလို ရိုက်ကူးတင်ဆက်ပြထားပါတယ်။