Ouija HD

Ouija

Horror HD 2014-10-24 5.143 89 Min

ဒီဇာတ်လမ်းမှာဆိုရင်တော့ Debbie နဲ့ Laine ကအရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပေါ့။Debbie ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာ Debbie ကသူ့အိမ်ရဲ့အရင်ပိုင်ရှင်တွေကျန်ခဲ့တဲ့ Ouija Board ကိုအိမ်ရှင်းရင်း ရှာတွေ့လို့ Laine ဆိုတဲ့ငယ်သူငယ်ချင်းလေးကို သတိရရင်းတစ်ယောက်တည်းအပျော်ဆော့လိုက်မိရာကနေ ထူးထူးဆန်းဆန်းတွေစတင်ဖြစ်ပါတော့တယ်။Debbie က ဘုတ်ပြားကိုမီးရှို့ပစ်လိုက်ပေမယ့်လဲ အကောင်းအတိုင်းပြန်ရောက်လာပြီး မကောင်းဆိုးဝါးပူးကပ်ကာ Debbie သေသွားခဲ့ပါတယ်။သူ့အသုဘအပြီး မိဘတွေမရှိတုန်း Debbie ရဲ့သူငယ်ချင်းတစ်စု အိမ်စောင့်ပေးရင်းနဲ့Debbie နဲ့ဆက်သွယ်ကြည့်မယ်ဆိုပြီး Ouija board ကို သုံးခဲ့ပြန်ပါတယ်..မီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ထူးဆန်းတဲ့အသံတွေ ကြားလာရတဲ့အချိန်မှာတော့ လန့်ဖြန့်ပြီးကစားနည်းကိုရပ်လိုက်ကြတယ်..ဒါပေမယ့် နောက်တစ်ရက်မှာပဲ သူတို့ရဲ့ ကားမှန်တွေ ကွန်ပျူတာစခရင်တွေ နံရံတွေပေါ်မှာ “Hi Friend” ဆိုတဲ့ စာသားပေါ်လာတယ် ..Hi Friend ဆိုတာက Ouija Boardဆီကို သရဲ / ဝိဉာဉ်ရောက်လာတဲ့အခါမှာ စတင်နှုတ်ဆက်လေ့ရှိတဲ့စကားပါ..အဲဒါကြောင့် သူတို့ရဲ့သူငယ်ချင်းက သူတို့ဆီကိုဆက်သွယ်ဖို့ကြိုးစားနေတယ်အထင်နဲ့ သူငယ်ချင်းတစ်စု Ouija Board ကိုထပ်မံအသုံးပြုလိုက်မိတဲ့အခါမှာတော့..ထင်မထားတဲ့လှည့်ကွက်တွေနဲ့ တော်တော်လေးကျောချမ်းစရာဇာတ်ကားဖြစ်တာကြောင့် ဘေကုန်ရကျိုးနပ်မှာသေချာပါတယ်..အပြင်လောကမှာလဲယုံကြည်သူတွေရှိကြပြီး တချို့ဝိဉာဉ်နဲ့ဆက်သွယ်ပေးတဲ့လုပ်ငန်းတွေမှာလဲ တကယ်သုံးတာမို့ ဒီဇာတ်ကားဟာ အောင်မြင်မှုများစွာနဲ့ တော်တော်ကြီးအမြတ်အစွန်းရခဲ့တဲ့ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်..စိတ်ဝင်စားသူများ Ouija Board Application တွေ Play Store တွေကနေ ဒေါင်းလုပ်ဆွဲကစားနိုင်ပြီး ကစားပြီးနောက်မှာ အမှန်တကယ်သေဆုံးသူတွေလဲ ရှိခဲ့တယ်လို့လဲသတင်းကြီးတာမို့ စိတ်မခိုင်သူများ လုံးဝဆော့ကစားခြင်းမပြုပါရန် အကြံပေးချင်ပါတယ်..