တောင်ပိုင်းမင်းသားချော ဆစ်ဒါးရဲ့ အသစ်ထွက်ဒရာမာအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဆီဘယ်ဝယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ကြုံရာရထားစီးဖို့စောင့်နေတဲ့ ဗာဆူ။ရထားစင်္ကြံက ခုံတန်းလျားမှာ တစ်ယောက်တည်းထိုင်ဘူနေတဲ့ လူတစ်ယောက်ကိုတွေ့လို့အာသွားဖုတ်ရင်း ခင်မင်သွားခဲ့ရာကနေ သူ့ခရီးစဉ်က ဘန်ဂလောကိုရောက်သွားခဲ့။မြို့ကိုရောက်ရောက်ချင်းမှာ ဆန္ဒပြနေတဲ့ မိန်းကလေးတစ်ယောက်ကိုဖြတ်ခနဲမြင်လိုက်ရာကစလို့ လမ်းမှာခဏခဏဆုံပြီး ဗာဆူ့ရင်ထဲကို ရောက်လာခဲ့ပါတော့တယ်။ဦးတည်ရာခရီးမရှိဘဲ ဗာဆူ ဘာလို့ မြို့ကနေထွက်လာခဲ့တာလဲ။သူ့ရင်ထဲကို တိုးဝင်လာတဲ့ မိန်းကလေးကိုရော ပိုင်ဆိုင်ခွင့်ရမှာလား။ဒါတွေသိချင်ရင်တော့ အချစ်၊ အလွမ်း၊ အက်ရှင်ရောပြွန်းနေတဲ့ ဒီရုပ်ရှင်ကို ခံစားကြည့်ကြဗျာ။