သည်းထိတ်ရင်ဖို ရုပ်ရှင်တွေထဲမှာမှ တိရစ္ဆာန်တွေနဲ့ အသည်းယားစရာကောင်းတဲ့ရုပ်ရှင်ကို ကြိုက်တဲ့သူတွေကတော့ ဒီ Evil The Rat ဆိုတဲ့ ရုပ်ရှင်ကိုအကြိုက်တွေမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရှထျန်းနဲ့ လင်ဖုန်းတို့သူငယ်ချင်းအဖွဲ့ဟာ ဆွံ့အမိန်းကလေးတစ်ယောက်ကိုကယ်တင်ဖို့အတွက် ဓာတုစက်ရုံတစ်ခုထဲကို ဝင်ရောက်သွားခဲ့ပါတယ်။အဲဒီစက်ရုံထဲမှာ ကြွက်ပေါင်းထောင်သောင်းချီ မွေးထားပြီးကြွက်ခေါင်းဆောင်တစ်ကောင်က ဦးဆောင်ကြီးစိုး နေတာကို သိခဲ့ရပါတယ်။ဗီဇပြောင်းကြွက်တွေက လူတွေကို တိုက်ခိုက်လာတဲ့အခါမှာတော့……လင်ဖုန်းနဲ့ ရှထျန်းတို့ဟာ ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ့ရမလဲ……ဆွံ့အမိန်းကလေးကိုရော ကယ်တင်နိုင်ကြမလား……ဗီဇပြောင်းကြွက်တွေကို ဘယ်လိုလူက ဘယ်လိုရည်ရွယ်ချက်နဲ့ မွေးထားရသလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။