ချစ်ပရိသတ်တို့အတွက် ဒီတစ်ခေါက် စိတ်လှုပ်ရှားဖွယ်ရာThe House ThatNever Dies ဆိုတဲ့ ဇာတ်ကားလေးကိုမိတ်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးကိုဘာသာပြန်ရင်းနဲ့မှာ ဇီဝေကောကောလို့မှတ်ကျောက်တင်ကျန်ခဲ့တဲ့ ruby linတစ်ယောက် ဘာလို့Light the Night မှာTony Yang နဲ့ loveline အဖြစ်ပြန်သုံးခဲ့တယ်ဆိုတာ…ကဲ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြရရင် ပေကျင်းက အိမ်အမှတ် ၈၁ ဆိုတဲ့နာမည်ကြီး သရဲခြောက်တဲ့ အိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတယ်ကနေစပြောရမယ်… အိမ်အမှတ် ၈၁ မှာ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာသတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက်မှာတစ်မိသားစုလုံး ထူးခြားဆန်းပြားစွာ ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာကြောင့်ဒီအိမ်ကြီးဟာ သရဲခြောက်တယ်လို့ ပါးစပ်ရာဇဝင်တွင်ခဲ့တာကြောင့် အိမ်ကြီးဟာကာလပေါက်ဈေးထက်ကို ထူးခြားစွာ ဈေးသက်သာနေခဲ့ပါတယ်…ဒါကြောင့်လည်း ရွှီလော့ချင်းတို့မိသားစု ပြောင်းလာခဲ့တာလို့ဆိုနိုင်မယ်… တိုက်တိုက်ဆိုင်ဆိုင်ပါပဲ… ဒီအိမ်ကြီးမှာကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့ရုပ်ချင်းခွဲမရအောင်တူနေတာကို သိပြီးနောက်…ရွှီလော့ချင်းတစ်ယောက်ဟာပုံရိပ်ယောင်တွေလိုမြင်လိုက်…အသံတွေကြားလိုက်… အနီရောင်ဝတ်စုံတွေနဲ့လူတွေပေါ်လာလိုက်… ဒါတွေအပြင်…ခင်ပွန်းသည်ကိုပါ ဖောက်ပြန်နေတယ်လို့အကြိမ်ကြိမ် သံသယဝင်လာပြီးဒီအိမ်ပြောင်းလာပြီးတည်းက လင်မယားနှစ်ဦးမကြာခဏရန်ဖြစ်ပြီး ကွာရှင်းဖို့အထိတွေပါ ဖြစ်လာခဲ့တာပေါ့…ဒီလို သူတို့လင်မယားဇာတ်ကြောင်းက စိတ်ဝင်စားဖို့ကောင်းသလို တစ်ဖက်ကပါးစပ်ရာဇဝင်ထဲက ဟောမိသားစုနဲ့ တျဲယွီ ကြားထဲက အဖြစ်အပျက်ကလည်းနောက်ကြောင်းပြန်တဲ့ အခန်းတွေ တစ်ခန်းပြီးတစ်ခန်းပိုပိုစိတ်ဝင်စားဖို့ကောင်းတယ်.