ဒီတစ်ခုကတော့ လူသိများတဲ့ Charlie Brooker ရဲ့ British mockumentary television series ဖြစ်တဲ့ Cunk on Earth နဲ့ Cunk on Britain တို့လိုမျိုး ဘ၀နဲ့ပတ်သက်ပြီး သက်ဆိုင်ရာပညာရှင်တွေကိုအူကြောင်ကြောင်မေးခွန်းတွေနဲ့ အင်တာဗျူးပြမယ့် film တစ်ခုပါ။ဒီတစ်ခုမှာဆိုရင် ဘ၀နဲ့ပတ်သက်တဲ့ကိုးကွယ်ယုံကြည်မှုတွေ နာမည်ကြီးပန်းချီပညာရှင်တွေအတွေးအခေါ်ပညာရှင်တွေ Big-Bang theory၊Existentialism၊Nihilismတွေ အခုလူသားတွေဘ၀မှာအချိန်နဲ့အမျှပါ၀င်လာနေတဲ့ AI တွေအပေါ်အထင်အမြင်တွေပါပြီး ကန့်ရဲ့ပုံစံအတိုင်းပဲ မျက်နှာတည်ကြီးနဲ့ တလွဲဆံပင်ကောင်းမေးခွန်းတွေနဲ့ပုံဖော်သွားမှာကို တ၀ကြီးကြည့်ရှုရမှာပါ။