Vojna policajtov HD

Vojna policajtov

Action Drama Thriller HD 2024-02-01 7 150 Min

ဒီဇာတ်ကားကတော့ ဆလိုဗားကီးယားနိုင်ငံရဲ့ ဒုစရိုက်လောကအကြောင်း တစ်စေ့တစ်စောင်းရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။အီဂေါဆိုတဲ့သူဟာ စစ်အေးကာလမှာစလိုဗားကီးယားနိုင်ငံရဲ့ ပြည်နယ်တစ်ခုမှာ ရဲကောစုံထောက်နေနဲ့ပါလုပ်ရတဲ့ မူးယစ်ရဲတစ်ယောက်ပေါ့။လူမိုက်ဂိုဏ်တွေပဲလာလာ ဒုစရိုက်သမားတွေပဲလာလာ အပြတ်ရှင်းနိုင်တဲ့ ဖမ်းပြီးဘဝဖျက်နိုင်တဲ့ရဲမလို့သူ့လောကက လူတိုင်းက လက်ပွန်းသမားဆိုပြီး နာမည်ပေးထားသူပါ။တစ်နေ့မှတော့ အီဂေါတို့မြို့ကို ရဲအသစ်တစ်ယောက်ရောက်လာပါတယ်။ ဆုံးသွားတဲ့ အီဂေါရဲ့အရင်တွဲဖက်အတွက်အစားထိုးဖို့ဆိုပြီးမြို့ထဲကနေ ရာထူးချခံလိုက်ရတဲ့လူသစ်လေးကို ဒုစရိုက်မြို့ထဲလာထည့်ထားတာပါ။ဖိအားဒဏ်ကိုမခံနိုင်တဲ့ လူသစ်လေးဟာ ဖြစ်ချင်တော့ လူမိုက်တွေရဲ့ဘားမှာ သွားမူးပြီးရမ်းကားတော့လူမိုက်တွေလုပ်ကြံတာခံလိုက်ရပါတယ်။ဒါကို အီဂေါတစ်ယောက်ရိပ်မိသွားတဲ့အချိန်မှာ တစ်ဂိုဏ်းလုံးကိုမွှေဖို့ကြံစည်လာပါတယ်။လူမိုက်တွေကလည်းလည်တော့ သူတို့ရဲ့ လူမိုက်လောကကလက်စွဲလူသတ်သမားဖြစ်တဲ့ “အင်ဂျင်နီယာကြီး” ဆိုတဲ့ဘဲကို အလွတ်တမ်းငှားပြီးတော့ အီဂေါ့ကိုသတ်ခိုင်းဖို့ဖြစ်လာပါတယ်။ဒီလိုနဲ့ပဲ အမှောင်လောကကြားထဲက ဝါရင့်ရဲရဲ့ ဇကပဲအနိုင်ယူသွားမလားအင်ဂျင်နီယာကြီးကပဲ သူ့ကိုအပျောက်ပြန်ဖျောက်သွားမလားဆိုတာကို စိတ်ဝင်တစားမျှော်လင့်စောင့်စားရမှာပဲဖြစ်ပါတယ်။