ဒိုင်နိုဆောရုပ်ရှင်တွေကြိုက်တတ်တဲ့သူတွေအတွက် The Invisible Raptor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။တခြားဒိုင်နိုဆောအတော်များများလိုပဲမျိုးသုဥ်းသွားပြီဖြစ်တဲ့ဒိုင်နိုဆောတစ်ကောင်ကိုဖန်တီးမွေးမြူရာကနေ မထိန်းချုပ်နိုင်တော့ဘဲအပြင်ကိုလွတ်သွားပြီး လူတွေကိုလိုက်သတ်တဲ့ပုံစံမျိုးလေးကို ဟာသနှောပြီးရိုက်ကူးထားတာပါ။ဒါပေမဲ့ဒီကားရဲ့ထူးခြားချက်က ဒီထဲမှာပါတဲ့ဒိုင်နိုဆောက ရိုးရိုးသာမန်မဟုတ်ဘဲ “ကိုယ်ပျောက်ဒိုင်နိုဆောကြီး”ဖြစ်နေတာပါ အဲ့ဒါကြောင့် သူ့ကိုရှင်းပစ်ဖို့လည်းပိုခက်သလို ပိုပြီးလည်းအန္တရာယ်များပါတယ်။ဒိုင်နိုကမ္ဘာဆိုတဲ့ဒိုင်နိုဆောပြတိုက်မှာအလုပ်လုပ်နေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်ဒေါက်တာ”ဂရန့်ဝေါ်ကာ”နဲ့ လုံခြုံရေးအစောင့်”ဒန်နီ”တို့က ကိုယ်ပျောက်ဒိုင်နိုဆောတစ်ကောင်ကလူတွေကိုလိုက်သတ်နေတယ်လို့သတိပေးခဲ့ပေမဲ့ဘယ်သူကမှမယုံကြည်ခဲ့တာကြောင့် သူတို့ကိုယ်တိုင်ပဲဒိုင်နိုဆောကိုလိုက်ဖမ်းပြီး တစ်မြို့လုံးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။