ကာမယ်ဆိုတဲ့သူဟာ သူချစ်တဲ့သူ သူ့ညီနဲ့လက်ထပ်မှာကို မနာလိုဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရွာကစုန်းမကြီးတစ်ယောက်ဆီမှာ ကျိန်စာတိုက်ခဲ့ပါတယ်။ကျိန်စာကြောင့် သူ့ဆန္ဒအတိုင်းလိုချင်တဲ့ကာမဆန္ဒကိုဖြေသိမ့်နိုင်ခဲ့ပေမယ့် ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးပါတယ်။ဒါကတော့ သူ့ရဲ့မယားနဲ့ ပထမဆုံးရတဲ့သားဦးကို ကျိန်စာတိုက်ခဲ့တဲ့နတ်ဆီကို ပူဇော်ပသရမှာပါ။ဒီလိုနဲ့ နှမြောတွန့်တိုတဲ့စိတ်နဲ့သားဦးကို စတေးလိုက်ပေမယ့်လည်း ကျိန်စာရဲ့တန်ပြန်မှုတွေက မရပ်သွားတဲ့ ဆက်ပြီးကြီးလာခဲ့ပါတယ်။ဒီလိုနဲ့ ကာမယ်တို့ လင်မယားနှစ်ယောက်လုံးရဲ့ မိသားစုတွေမှာရှိတဲ့ ညီအစ်ကိမောင်နှမတွေအားလုံးသောကကို ၂၅ နှစ်ကြာဆက်တိုက်ခံစားခဲ့ရပါတယ်။တစ်နေ့မှာတော့ လက္ခဏာတူတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီအကြောင်းကို အိမ်မက်ရသွားပြီး ကာမယ်တို့ရှိရင်ကိုသွားဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲဘာဖြစ်လို့ ကျိန်စာကြီးဟာ မပျက်သွားဘဲ နက်မှောင်ပြီးချောက်ချားဖို့ကောင်းလောက်အောင် ကာမယ်တို့ ရွာတစ်လုံးကျိန်စာသင့်သွားတဲ့အထိဖြစ်သွာစေလဲဆိုတာကိုရင်တလှုပ်လှုပ်နဲ့စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။