ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်းToma တွေ့သွားတာကဒီသူဌေးသားပီတာရဲ့အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲအသက်ရှင်နေသေးတာကိုသိခဲ့လို့ရွာကိုကယ်လာပြီးဆေးကုပေးခဲ့ခဲ့ပါတယ်။ ကံကောင်းတယ်လို့ပဲပြောရမယ် ပီတာဟာအသက်ဘေးကနေဒီလူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေထောက်တဖက်ကတော့ဆုံးရှူံးခဲ့ရပါတယ်။ပီတာဟာဒီလူရိုင်းရွာမှာ ၅လအထိသောင်တင်ခဲ့ပြီးTomaနဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ပီတာကTomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မှုတွေကိုသင်ပေးတယ်။ ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသလိုအလွဲလွဲအချော်ချော်လုပ်လို့ဟာသတွေဖြစ်ခဲ့ရတာပေါ့။ ပီတာကideaတခုရသွားတယ်။ဟာသကားတွေရိုက်တဲ့Hollywoodကသူ့သူငယ်ချင်းNic နဲ့ဒီလူရိုင်းရဲ့အလွဲတွေကိုရုပ်ရှင်ရိုက်ရင်တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။ ၁၉၇၉ခုနှစ်ဒီဇင်ဘာလမှာကံကောင်းထက်မစွာနဲ့ပဲအာဖရိကသစ်တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ပီတာတွေ့သွားပြီး မြို့ကိုပြန်ဖို့အခွင့်အရေးရခဲ့ပါတော့တယ်။ဒါပေမယ့်သူတယောက်ထဲမပြန်ဘူး။ Tomaကိုပါခေါ်သွားချင်တယ်။ Tomaကလဲမလိုက်ရဲဘူး။ဒီလိုနဲ့ Tomaကို ဆိတ်၇ကောင်ပေးမယ်ဆိုတဲ့ကမ်းလှမ်းမှုနဲ့ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ဆိတ်၇ကောင်ဆိုတဲ့ပမာဏက Tomaအဖို့ရွာမှာသူဌေးဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အတူလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။