The Bunny Game HD

The Bunny Game

Horror HD 2011-10-19 4.8 76 Min

ဇာတ်လမ်းအနေနဲ့ကတော့ ခန္ဓာကိုယ်ကို ရောင်းစားကာ ဝမ်းတထွာနဲ့အာသီသကို ဖြည့်ဆည်းနေတဲ့ ကြေးစားမလေးတစ်ယောက်စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့ လက်ထဲမှာ အဆုံးသတ်သွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ဇာတ်လမ်းအသားပေးရုပ်ရှင်မျိုးမဟုတ်ဘဲ ပြသချင်တဲ့အကြောင်းအရာကို ဦးစားပေးတဲ့ရုပ်ရှင်မျိုးပဲဖြစ်ပါတယ်မြန်ဆန်လှုပ်ခတ်လွန်းတဲ့ Editing အပြင် အဖြူအမည်းပုံစံနဲ့အတူ တင်ဆက်ထားတာကြောင့်လည်းကြည့်ရှုသူကိုမွန်းကြပ်တဲ့ခံစားမှုကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။Horror ရုပ်ရှင်တွေထဲမှာမှ Disturbing ဖြစ်လွန်းလို့ ဆက်မကြည့်နိုင်လောက်အောင်ဖြစ်စေနိုင်တဲ့ရုပ်ရှင်ကားအမျိုးအစားတွေထဲမှာ မပါရင်တောင် ဒီရုပ်ရှင်ဟာ အတော်လေးတော့ နှလုံးသားကို မွန်းကြပ်စေပါတယ်။သို့သော်လည်း အတုအယောင်ဖန်တီးထားတဲ့ဇာတ်ကားသာဖြစ်လို့အမှောင်လောကကြီးကို စွဲလမ်းမနေဘဲအပြင်လောကရဲ့ အလှတရားတွေကိုလည်း မမေ့လျော့ဖို့ တိုက်တွန်းလိုက်ရပါတယ်။