American Pie Presents: The Naked Mile HD

American Pie Presents: The Naked Mile

Comedy HD 2006-12-01 5.5 97 Min

အားလုံးသိကြတဲ့အတိုင်းပဲ American Pie ထဲက ဇာတ်လိုက်ကျော်တွေထဲက စတိဗ်စတစ်ဖ်လာကို မသိသူမရှိကြသလိုစတစ်ဖ်လာ မျိုးရိုးမှာမွေးလာတဲ့ ယောကျ်ားလေးတိုင်းကလဲ စတိဗ်လိုပဲ ခေသူတွေမဟုတ်ပါဘူး။ဆရာ့ဆရာကြီးတွေတောင်မှ ဆရာလို့ခေါ်ရတဲ့ ထိပ်ခေါင်ဆရာကြီးတွေဖြစ်ပါတယ်။ဒါပေမယ့် ဒီမိသားစုမှာပဲပေါက်ဖွားလာတဲ့ အဲရစ်ခ်စတစ်ဖ်လာကတော့ အဲလိုမဟုတ်ပါဘူး။လုပ်လိုက်ရင်တလွဲ၊ အံဝင်ဂွင်ကျမဖြစ်၊ အဆိုးဆုံးကတော့ စတစ်ဖ်လာတစ်ယောက်ဖြစ်ပြီး လူပျိုရည်မပျက်သေးတာပါပဲ။စတစ်ဖ်လာ မျိုးရိုးကို အိုးမည်းသုတ်နေတဲ့လူဆိုရင်လည်းမမှားဘူးပေါ့။ဒါပေမယ့် ခုကြည့်နေတဲ့လူလိုမဟုတ်ပဲ သူ့မှာ ထရေစီဆိုတဲ့ ချစ်သူလေးတစ်ယောက်ရှိတယ်။ချစ်သူလေးကလည်း နင့်ခရမ်းသီးငါ့လာမနှပ်နဲ့ အပျိုအတိုင်းပဲနေချင်သေးတယ် ဆိုတဲ့လူမျိုး။အဲဒီတော့ အဲရစ်ခ်တစ်ယောက်တိုင်ပတ်ပြီ။ဘဝကို အပြာကားကြည့်ပြီး သိုင်းကွက်ကျင့်ရင်း ကုန်ဆုံးနေခဲ့ရပါတယ်။ဒါကိုသနားသွားတဲ့ ထရေစီဟာ အဲရစ်ခ်ကိုကျောင်းပိတ်ရက်မှာ ဘာနောက်ဆက်ဆွဲဆိုးကျိုးမှမရှိပဲနဲ့ လုပ်ချင်ရာလုပ်ခွင့်ပေးခဲ့ပါတယ်။ဒီလိုနဲ့ အဲရစ်ခ်တစ်ယောက် သူ့အစ်ကိုဝမ်းကွဲနာမည်ကြီး ဒွိုက်စတစ်ဖ်လာတက်နေတဲ့ ကောလိပ်မှာ Naked Mile ဆိုတဲ့ပွဲကို ဆင်နွှဲဖို့သူငယ်ချင်း ငမွှေထိုးနှစ်ကောင်နဲ့တူတူသွားခဲ့ပါတယ်။Naked Mile ဆိုတာကတော့ စာမေးပွဲပြီးတဲ့အချိန်မှာ စိတ်လွတ်ကိုယ်လွတ်ပျော်ပွဲရွှင်ပွဲအဖြစ် ကိုယ်တုံးလုံးချွတ်ပြီး တက္ကသိုလ်ဝန်းထဲမှာတစ်မိုင်ပြေးကြတာဖြစ်ပါတယ်။ဒီလိုနဲ့ အဲရစ်ခ်ရဲ့ လူပျိုရည်ပျက်ရေး ဒို့အရေးဆိုတဲ့ ဆန္ဒလေး ပြီးပြည့်စုံသွားမလားဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါခင်ဗျာ။ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးမြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။