Last Stop: Rocafort St. HD

Last Stop: Rocafort St.

Horror Mystery HD 2024-08-30 5.04 89 Min

Barcelona မီးရထားလမ်းလိုင်းရဲ့ Rocafort ဘူတာရုံမှာ အလုပ်ရခဲ့တဲ့ Laura က Rocafort ဘူတာရုံရဲ့ ကောလာဟလသတင်းတွေကို ဘာမှမသိဘဲ အလုပ်ဝင်ဖို့ ပြောင်းရွှေ့လာခဲ့တယ်။ဒါပေမဲ့ Lauraအလုပ်စဝင်ပြီးမှ သိလိုက်ရတာက Rocafort ဘူတာရုံက သရဲပုံပြင်တွေနဲ့ပြည့်နေတဲ့ လူတွေအများကြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လာကြတဲ့ မရဏဘူတာရုံကြီး ဖြစ်နေမှန်းသိခဲ့ရတယ်။အစပိုင်းမှာတော့သရဲပုံပြင်တွေကို အယုံအကြည်မရှိဘဲ အလုပ်ကိုပဲ အာရုံစိုက်ဖိုကြိုးစားခဲ့ပေမဲ့ Laura လူတစ်ယောက် ရထားလမ်းပေါ် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ အဖြစ်ဆိုးကြီးကို သူ့မျက်စိရှေ့မှာပဲ ချောက်ချားစွာကြုံတွေ့လိုက်ရပြီးနောက်မှာတော့အိပ်မက်ဆိုးတွေ ထင်ယောင်ထင်မှားတွေနဲ့ Laura တစ်ယောက် ထူးဆန်းတဲ့ စိတ်ချောက်ချားမှုတွေများစွာ ဆက်တိုက်ပေါ်ပေါက် လာခဲ့တော့တယ်။Lauraသူ့အိပ်မက်ဆိုးတွေအတွက် အဖြေရှာရင်း ရဲသားဟောင်းတစ်ဦးဖြစ်တဲ့ Román ရေးသားခဲ့တဲ့ Rocafort ဘူတာရုံက ကွင်းဆက်လူသတ်သမားအကြောင်း စာအုပ်ကို ဖတ်မိသွားခဲ့တယ်။အဲဒီနောက်မှာတော့Rocafort ဘူတာရုံက သရဲပုံပြင်တွေရဲ့ အမှန်တရားကိုရှာဖွေဖော်ထုတ်ဖို Laura နဲ့ Román ပူးပေါင်းရင်း ဘူတာရုံကြီးနဲ့ ဆက်စပ်တဲ့ နတ်ဆိုးကိုးကွယ်မှုတွေနဲ့ ကျောချမ်းစရာဖြစ်ရပ်တွေကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။