ဒီတစ်ခါစွန့်စားခန်းဖွင့်မယ့်နေရာကတော့ ရွှေပင့်ကူမြို့တော်ပဲဖြစ်ပါတယ်။ရွှေမြို့တော်ကိုရောက်ရင်ထာဝရအသက်ရှင်နိုင်မယ်ဆိုတဲ့ယုံတမ်းစကားတစ်ခုရှိပါတယ်။ အဲ့ဒီမြို့ဟာကျွန်းတစ်ကျွန်းရဲ့မြေအောက်မှာရှိတာဖြစ်ပြီးရောက်ဖူးသူတစ်ယောက်မှမရှိသလို ၊ပြန်ထွက်လာနိုင်သူလည်းမရှိပါဘူး။ဇာတ်လိုက်ကတော့ စစ်မာချုံဆိုတဲ့ကောင်လေးဖြစ်ပြီးအဖေဖြစ်သူ စစ်မာဟွေးကတော့ လွန်ခဲ့တဲ့၂၂နှစ်ကရွှေမြို့တော်ကိုသွားရင်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။တစ်နေ့မှာသူ့ရည်းစား လီဆာတစ်ယောက်ပြန်ပေးဆွဲခံရပြီး ၊လီဆာရဲ့အသက်နဲ့ခြိမ်းခြောက်ကာမြေအောက်ကမ္ဘာကိုသွားဖို့အတင်းအကြပ်စေခိုင်းခြင်းခံရပါတော့တယ်။အဲ့ဒါတင်မကဘဲ ရွှေမြို့တော်ကိုပါသွားဖို့ဖိအားပေးလာတဲ့အခါ…ထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီးအသက်ကလည်းရွယ်တူလောက်ကိုသူ့ကိုယ်သူ စစ်မာဟွေး(မင်းသားရဲ့အဖေ) ပါလို့ပြောလာတဲ့အခါ….သုံးယောက်သားဟာ ရွှေမြို့တော်ရှိရာကျွန်းသို့သွားဖို့ဖြစ်လာခဲ့ပါတယ်။မင်းသားရဲ့အဖေဟာ တကယ်ပဲရွှေမြို့တော်ကနေပြန်ထွက်လာနိုင်ခဲ့လား…ရွှေမြို့တော်ရဲ့လျို့ဝှက်ချက်ကရောဘာလဲ။ဧရာမပင့်ကူကြီးတွေကြား သည်းထိတ်ရင်ဖိုစွန့်စားကြမယ့်ခရီးစဥ်ဟာ ဘယ်လိုအဆုံးသတ်လေမလဲ။