The Flower and the Empress HD

The Flower and the Empress

Action HD 2019-06-25 8.3 78 Min

The Flower And The Empress (2019) ဆိုတဲ့ကားလေးကို ပရိသတ်တွေအတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးကတော့ ဘုရင်မအုပ်ချုပ်ချိန် မ ဝါဒကြီးစိုးချိန်ကာလကိုနောက်ခံထားရိုက်ကူးပြထားတာပါ…ဒီကားလေးမှာ ဘုရင်မကြီးရဲ့ အချစ်ရဆုံးနဲ့အားအထားရဆုံး တတိယမင်းသမီးလေးလန်ရှီဟာ ဒေသခံတစ်ခုကို စုန်းမနက်ဂိုဏ်းကကယ်တင်ပေးရာကနေ… ဒေသခံဇာတ်နိမ့်အမျိုးသားတစ်ဦးကို သတိထားမိခဲ့ရာကနေစစ်သူကြီးဆိုတဲ့ရာထူးကို အမျိုးသမီးမဟုတ်ဘဲအမျိုးသားတစ်ယောက်သာ တာဝန်ထမ်းဆောင်ရင်ဘယ်လိုဖြစ်မလဲလို့ စတင်တွေးမိခဲ့တယ်…တစ်ဖက်မှာလဲ မြင်မြင်ချင်းအချစ်လို့ဆိုရမလား.ဒုက္ခရောက်နေချိန်မြင်လိုက်ရတဲ့ကောက်ရိုးမျှင်လေးကြောင့်လို့ပဲဆိုရမလား…တတိယမင်းသမီးကယ်တင်ခံခဲ့ရတဲ့ချောင်ရှန်းတစ်ယောက်ဟာ တတိယမင်းသမီးရှိတာမြို့တော်ကို ချက်ချင်းဆိုလို တတိယမင်းသမီးရဲ့မြင်းနောက်ကတောက်လျှောက်လိုက်သွားခဲ့သလို…လေ့ကျင့်ရေးကျောင်းက ရွေးချယ်ခံရတဲ့အမျိုးသားတွေက မင်းမျိုးနွယ်တွေကိုခစားခွင့်ရှိမယ်ဆိုတာကို သိထားတာကြောင့်ဒီကျောင်းဝင်ခွင့်ရဖို့ပါကြိုးစားခဲ့ပြီးတင်းယွမ်ဆိုတဲ့ ပထမတန်းစား ခစားသူအဖြစ်အရွေးခံရပြီးနောက် ချောင်ရှန်းတစ်ယောက်သူ့နှလုံးသားထဲကတတိယမင်းသမီးလေးကိုဆုံဖို့ နန်းတော်ကို ခစားဝင်ခွင့်ရခဲ့တယ်…ကဲ သူတို့ တကယ်ဆုံမှာလား… ဆုံပြီးရင်ရော ဒီလိုဝါဒကြီးစိုးနေတဲ့လောကကြီးမှာသူတို့အချစ်ဇာတ်လမ်းရောဖြောင့်ဖြူးပါ့မလားဆိုတာဒီဇာတ်လမ်းလေးဒေါင်းကြည့်လိုက်နော်~