The Black Dahlia HD

The Black Dahlia

Crime Drama Thriller HD 2006-09-15 5.6 121 Min

Bucky Bleichert နဲ့ Lee Blanchard တို့ဟာ လော့စ်အိန်ဂျလိရဲဌာနကလက်ဝှေ့သမားဟောင်း ရဲအရာရှိများဖြစ်ပြီး တစ်နေ့ကျ သံသယရှိတရားခံကို တူတူစောင့်ကြရင်းမမျှော်လင့်ထားတဲ့သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ Lee ဟာ သူ့တွဲဖက်ကို ကယ်တင်နိုင်ခဲ့ပါတယ်…အဲဒီအချိန်ကစပြီး Bucky တစ်ယောက် သူ့တွဲဖက်ကို ယုံကြည်အားကိုးကာ ကျေးဇူးတင်မဆုံးဖြစ်ရပါတော့တယ်ထိုဖြစ်စဉ်အပြီးမကြာမီမှာပဲ ရက်စက်စွာအသတ်ခံရတဲ့ မိန်းမငယ်လေး Elizabeth Short အမှုပေါ်ပေါက်လာပြီးရဲဌာနတစ်ခုလုံး ခေါင်းရှုပ်ရပါတော့တယ်…တပြိုင်တည်းမှာ Leeကိုင်တွယ်ဖမ်းဆီးခဲ့တဲ့လူသတ်မှုတရားခံတွေကလည်း လွတ်ငြိမ်းခွင့်ရကာ လော့စ်အိန်ဂျလိစ်မြို့ဆီပြန်ရောက်နေခဲ့ပါတယ်…မိန်းမငယ်လေး သေဆုံးမှုအတွက် ၎င်းရာဇဝတ်သားများကို သံသယရှိသူ Buckyနဲ့အပြည့်အဝကာကွယ်ပေးသူ Lee တို့ သဘောထားချင်းမတိုက်ဆိုင်ချိန်မှာတော့…ဒီရုပ်ရှင်ကားလေးဟာ ကျယ်ပြန့်ရှုပ်ထွေးတဲ့ဇာတ်ကောင်တွေနဲ့ ဖွဲစည်းထားပြီးအမှုကနေအံချော်ကောက်ချက်ဆွဲနိုင်စရာဖြစ်ရပ်တွေနဲ့ ပုံဖော်ထားလို့ ဇာတ်ကားပြီးဆုံးချိန်နားထိမြှုပ်ကွက်တွေရှာရင်း ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဇာတ်အိမ်ရှုပ်ရှုပ်ထွေးထွေးနှစ်သက်သူရုပ်ရှင်ချစ်ပရိသတ်များကြည့်ရှုခံစားနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ…