ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်…၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ်Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့ကပါဝင်ပေးထားပါတယ်…ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေအာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson ကသူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်…အဲဒီအဖွဲ့ထဲမှာကိုအာလာဝက်ဝံလေး Nigel…သစ်ကုလားအုတ်မလေး Bridget…အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ… IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animationဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…