Band Camp ဆိုတာကတော့ အရင်ခေတ်က သံစုံတီးဝိုင်းအဖွဲ့တွေကို အားလပ်ရက်မှာ စခန်းသွင်းလေ့ကျင့်ပြီး ပြိုင်ပွဲကျင်းပတဲ့အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။မက်စတစ်ဖလာဆိုတဲ့ကောင်လေးဟာ ဟောလိဝုဒ်မှာနာမည်ကြီး လူကြီးဇာတ်ကားတည်းဖြတ်ပြီး နာမည်ကြီးသွားတဲ့ ဇာတ်လိုက်ကျော် စတိဗ်စတစ်ဖလာရဲ့ ညီလေးဖြစ်ပါတယ်။ မက်က သူ့အစ်ကိုကိုဘယ်လောက်အားကျသလဲဆိုရင် သူ့အစ်ကိုလုပ်ခဲ့တဲ့ကိစ္စတွေမှန်သမျှကို လိုက်လုပ်ပြီး သူ့အစ်ကိုရဲ့အသိအမှတ်ပြုတာကိုခံချင်တဲ့အထိပါပဲ။ ဆိုးသည်ဖြစ်စေ မိုက်သည်ဖြစ်စေ ညစ်ညမ်းသည်ဖြစ်စေ၊မကောင်းတဲ့အရာမှန်သမျှကို လိုက်လုပ်တဲ့အတွက် အိမ်ကနေ သူ့ကိုလက်မခံဘဲ သီးသန့်ခွဲနေရတဲ့အထိဖြစ်သွားပါတယ်။ မက်က အိမ်မှာတင်မကဘဲ ကျောင်းမှာလည်း သူ့အစ်ကိုလိုနာမည်ဆိုးနဲ့ဟိုးလေးတစ်ကျော်ကျော်ဖြစ်တဲ့သူပါ။ဒီလိုနဲ့ ကျောင်းရဲ့စည်းကမ်းထိန်းသိမ်းရေးမှူးကနေ သူ့ကိုကျောင်းပိတ်ရက်မှာ ကျောင်းကသံစုံတီးဝိုင်းအဖွဲတွေနဲ့အတူတူစခန်းသွင့်လေ့ကျင့်ခိုင်းရင်းနဲ့ဇာတ်ကြောင်းလေးက ဖန်လာပါတော့တယ်။ မက်တစ်ယောက် တီးဝိုင်းစခန်းကိုရောက်ပြီးနောက် သူ့ရဲ့အကျင့်ဆိုးတွေပျောက်သွားမလား၊ လူတစ်ယောက်ကို ပတ်ဝန်းကျင်တစ်ခုကနေမတူညီတဲ့နောက်ပတ်ဝန်းကျင်တစ်ခုကို ဆွဲထည့်လိုက်တဲ့အခါ အကျင့်စရိုက်တွေ အနည်းနဲ့အများ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသဆန်ဆန် ရသအပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။(American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Ratedအဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။)