ရုပ်ရှင်သမိုင်းရဲ့ လက်ချိုးရေလို့ရတဲ့ ဂန္တဝင်အတွင်ဆုံး မြူဇစ်ကယ်ကားတွေထဲက တစ်ကားဖြစ်တဲ့ The Wizard of Oz ( 1939 )ကိုL. Frank Baumရဲ့ 1900ပြည့်နှစ်မှာ ထုတ်ခဲ့တဲ့ The Wizard of OZစာအုပ်ကိုပြန်ရိုက်ထားတယ်။L. Frank Baumဟာ Oz စီးရီးစာအုပ်တွေအများကြီးရေးခဲပေမဲ့ ဒီ၁၉၀၀မှာ ထုတ်ခဲ့တဲ့စာအုပ်ကတော့သူ့အအောင်မြင်ဆုံးစာအုပ်ဖြစ်သလို ရုပ်ရှင်အဖြစ်လည်း တော်တော်အသက်သွင်းခဲ့ကြတယ်ကျွန်တော်တို့ခေတ်မှာထွက်ခဲ့တဲ့ Sam Raimiရဲ့ Oz: The Great and Powerfulကတော့ ဒီဇာတ်ရဲ့အရှေ့ကအဖြစ်အပျက်တွေကိုပြထားတယ်။ဒါပေမဲ့ အဲဒီကားက ဒီကားရဲ့ရှေ့ကအဖြစ်သက်သက်ပါပဲ။ကျန်တဲ့ Ozဇာတ်လမ်းတွေနဲ့ ဒီကားက Wizard of Ozကြီးရဲ့ဖြစ်တည်မှုက မတူသလို Sam Raimiရဲ့ Wizardကလည်း ဒီကားက Wizardရဲ့ဖြစ်တည်မှုကိုပဲ အခြေတည်ထားခဲ့တယ်။ပြောရရင် တရားဝင်မဟုတ်ပေမဲ့ ဒီကားက ကျွန်တော်တို့ခေတ်က Ozရဲ့အဆက်လို့ပြောလို့ရတယ်။ဇာတ်လမ်းကတော့ ဒိုရိုသီလို့ခေါ်တဲ့ကောင်မလေးက သူ့ခွေးလေးကိုကယ်ဖို့ အိမ်ကနေ သူ့ခွေးလေးနဲ့အတူတူထွက်လာရင်းလေမုန်တိုင်းတစ်ခုနဲ့တိုးရာကနေ အဲဒီလေမုန်တိုင်းက သူ့ကို Ozလို့ခေါ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ကမ္ဘာဆီခေါ်သွားခဲ့တယ်။ဒိုရိုသီဟာဒီကမ္ဘာကနေသူ့အိမ်ပြန်တဲ့လမ်းကိုရှာဖို့ အော့ဇ်ရဲ့မှော်ဆရာကြီးဆီကို သွားရင်း လမ်းမှာသတ္တုလူသား , စာခြောက်ရုပ်, ခြင်္သေ့အစရှိတဲ့အရာတွေနဲ့တွေ့ခဲ့ပြီး သူတို့မှာလည်း သူတို့ချို့ငဲ့နေတဲ့အရာတွေရှိနေတာကိုသူသိလိုက်ရတယ်။ဒီလိုနဲ့ သူတို့တွေ အော့ဇ်ရဲ့မှော်ဆရာကြီးဆီအတူတူသွားပြီး အကူအညီသွားတောင်းကြဖို့ ခရီးဆက်ကြတဲ့ဇာတ်လမ်းပါပဲ။ဒီလမ်းတစ်လျှောက်မှာ အနောက်ဘက်စုန်းမဆိုးကြီးက သူတို့ကိုနှောင့်ယှက်အန္တရာယ်ပေးတာတွေကို ကျော်လွှားပြီး မှော်ဆရာကြီးဆီ သူတို့ရောက်အောင်သွားကြမယ့် ခရီးကို ကြည့်ရမှာပါ။ဇာတ်လမ်းအရတော့ Ozဟာ ကလေးပုံပြင်တစ်ပုဒ်ပါပဲ။အရမ်းခမ်းနားကြီးကျယ်တဲ့ဇာတ်လမ်းကြီးမဟုတ်ပေမဲ့ ခေတ်အဆက်ဆက် အားလုံးရဲ့ ရင်ထဲရောက်နိုင်ခဲ့တဲ့ဇာတ်လမ်းပါပဲ။ကလေးပုံပြင်တစ်ပုဒ်ရဲ့ ဒြပ်တွေအကုန်ပါနေတဲ့ ကလေးပုံပြင်စစ်တဲ့ ကလေးပုံပြင်တစ်ပုဒ်လို့ပြောလို့ရပါတယ်ပုံပြင်ဟာ ပုံပြင်ပါပဲ။ပုံပြင်မဆန်တဲ့ပုံပြင်တွေထက် ပုံပြင်ဆန်တဲ့ပုံပြင်တွေက ကျွန်တော်တို့ရင်ထဲပိုရောက်တတ်တာပါပဲ။ကလေးပုံပြင်တွေဟာ ကြီးကျယ်ခမ်းနားစရာမလိုသလို ရိုးသားစရာလည်းမလိုပါဘူးကလေးပုံပြင်တွေက လက်တွေ့မကျပေမဲ့ ကမ္ဘာကြီးရဲ့ တကယ့်မျက်နှာအစစ်ကို ရင်ဆိုင်တွေ့ပြီး ကိုယ့်အတွေးအခေါ်တွေ ကိုယ်ဖြစ်တည်မလာခင် စပ်ကြားမှာကျွန်တော်တို့ခေါင်းထဲရှိနေတာကောင်းတဲ့အကောင်းဘက်က အမြင်တွေကို ဖြည့်စွက်ပေးနိုင်တဲ့ ဇာတ်လမ်းတွေပါပဲ။ Ozဟာ ဒီလိုဒြုပ်မျိုး အပြည့်အဝရှိတဲ့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ဒုတိယကမ္ဘာစစ်စတဲ့ကာလ ၁၉၃၉မှာ ထွက်ခဲ့တဲ့ရုပ်ရှင်ပေမဲ့ The Wizard of Ozဟာ သူ့ကာလက ကားလို့မထင်ခဲ့ရသလိုမြူဇစ်ကယ်ရုပ်ရှင်တွေရဲ့ အရွေ့အပေါ်လည်း သက်ရောက်မှုကြီးခဲ့တယ်။သူ့နောက်မှာ နာမည်ကျော်မြူဇစ်ကယ်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့သလို Ozဇာတ်လမ်းတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးခဲ့ကြတယ်။ဒီနှစ်နဲ့နောက်နှစ်မှာလည်း Jon M. Chuရဲ့ Wicked ( 2024 )နဲ့ Wicked: For Good (2025ထွက်ဦးမှာဆိုတော့ဒီအသစ်တွေရဲ့ဇာတ်လမ်းကို သေချာသိဖို့ရော ဂန္တဝင်မြူဇစ်ကယ်တစ်ကားအနေနဲ့ရော ကြည့်ထားသင့်တဲ့ ရုပ်ရှင်ပါပဲ။