ဒီကားကတော့ American Pie 4 လို့ တနည်းအားဖြင့်ခေါ်ရမှာဖြစ်ပြီး မူလဇာတ်လမ်းရဲ့ အဆုံးပိတ်ရုပ်ရှင်ကားဖြစ်ပါတယ်။American Reunion ဆိုတဲ့အတိုင်း Jim,Kevin,Oz,Finch,Stifler တို့ ၉၉ ကျောင်းသားအုပ်စုတွေ နှစ်ပေါင်းများစွာအကြာမှာ တဖန်ပြန်တွေ့ကြမယ့်ပွဲပါ။1999 ခုနှစ်က အထက်တန်းကျောင်းသားတွေအဖြစ်နဲ့ ပျော်ရွှင်ကြည်နူးခဲ့ကြတဲ့ သူတို့အုပ်စု ဆယ်စုနှစ်တခုကျော်အကြာ ၂၀၁၂ မှာ ဘာတွေဖြစ်နေကြပြီလဲအထက်တန်းကျောင်းတုန်းက ကျောင်းမှတ်တမ်းစာအုပ်မှာ အသီးသီးရေးထားခဲ့ကြတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေ ခုချိန်မှာ ဖြစ်တည်နေကြပြီလားလူ့ဘဝကြီးမှာ တခါတလေ လှောင်ရယ်ချင်စရာကောင်းတာကမှန်းထားတာနဲ့ ဖြစ်နေကြတာတွေက တလွဲစီတွေ ဖြစ်နေတတ်ကြတာမျိုးပဲမလားဖြူစင်တဲ့ကလေးဘဝကိုကျော်ဖြတ်ပြီးသွားကြတဲ့ Jim တို့အုပ်စု ဘယ်လိုအနေအထားတွေနဲ့ ပြန်ဆုံကြမလဲ…သူတို့ချစ်သူရည်းစားတွေနဲ့ရော ဘယ်သူတွေက တည်တံ့ခိုင်မြဲနေပြီလဲပြောရရင် American Pie ဇာတ်လမ်းတခုလုံးကို ဒီ American Reunion က အကောင်းဆုံးပိတ်သိမ်းပေးနိုင်ခဲ့ပါတယ်။Jim တို့ ၉၉ ကျောင်းသားအုပ်စုရဲ့ သူငယ်ချင်းသံယောဇဉ်တွေ မိသားစုမေတ္တာတွေ ဖြူစင်မှုတွေကို အကောင်းဆုံးချပြပိတ်သိမ်းနိုင်ခဲ့ပြီးဒီ American Reunion ဇာတ်ကားကြောင့်ပဲ ရှေ့က ၃ ကားလုံးက ပိုပြီး တောင်ပြောင်သွားစေတယ်လို့ ရဲရဲကြီး ပြောချင်ပါတယ်။ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးမြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။