စန်ဒရာဆိုတာ ဟစ်ပ်အဆိုတော်ယောက်ဖြစ်ပြီး သားဖြစ်သူ ဒေးဗစ် မွေးပြီးနောက် သူ့အနုပညာကိုလက်လျှော့ပြီး မိခင်တစ်ယောက်အနေနဲ့နေသူပါ။ယောကျ်ားဖြစ်သူ ကားလ် ကလည်း အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်ပြီး အလုပ်ကြောင့် မကြာခဏခရီးထွက်နေရသူဖြစ်ပါတယ်။မိသားစုအတွက်လုံခြုံစိတ်ချရအောင် ကားလ်က စန်ဒရာကို နည်းပညာအဆင့်မြင့်မားပြီး “ကမ္ဘာမှာ အလုံခြုံဆုံးကား”အဖြစ်ကြေငြာထားတဲ့ မိုနိုလစ်ကားကို လက်ဆောင်ပေးခဲ့တယ်။ကားလ်က လော့စ်အိန်ဂျလိစ်ကိုခရီးထွက်သွားချိန် စန်ဒရာက သားဖြစ်သူ ဒေးဗစ်နှင့်အတူ သူ့မိဘတွေဆီ သွားလည်ဖို့ စီစဉ်ထားပါတယ်သို့ပေမယ့် ခရီးလယ်မှာ စန်ဒရာ ကားလ် ရဲ့ဖောက်ပြန်မှုအပေါ် သံသယဖြစ်လာပြီး ချက်ချင်းစိတ် ပြောင်းကာ ဒေးဗစ်နှင့်အတူ လော့စ်အိန်ဂျလိစ်ကို လိုက်သွားခဲ့တယ်။ခရီးလယ်တစ်ဝက်မှာ စန်ဒရာကဒေးဗစ်ကို ဖုန်းပေးသုံးခဲ့ပါတယ်။ ကားလ်က မိုနိုလစ်ကားကို ဖုန်းနဲ့ထိန်းချုပ်လို့ရတယ်ဆိုတာပြောထားပေမယ့်လည်း စန်ဒရာသတိမမူခဲ့ပါဘူး။စန်ဒရာအပြင်ရောက်နေချိန် ကလေးပီပီ ဘာမှမသိတာကြောင့်ဒေးဗစ်လေးက လျှောက်နှိပ်ရာမှာ ကားလော့ခ်ကျသွားခဲ့ပြီး အမေဖြစ်သူ စန်ဒရာကယ်ဖို့ကြိုးစားရပါတော့တယ်။