ဒီကားကိုတော့ ဒါရိုက်တာ Cristian Ponce ရိုက်ကူးထားပြီးမင်းသမီး Marjorie Estiano က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးကတော့ ထူးဆန်းထွေလာဆန်ဆန်Horror ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအစမှာတော့ အန်နာရဲ့ငယ်ဘဝအိပ်မက်ဆိုးကနေစတင်ထားပါတယ်။အမေအရင်းရဲ့ ဆေးခတ်ထားတဲ့နွားနို့ကိုသောက်ပြီးတော့ထူးဆန်းတဲ့နေရာတစ်ခုမှာ ပိတ်မိနေခဲ့ပြီးမီးလောင်ပြင်ထဲကနေကယ်ထုတ်ခဲ့ရပါတယ်။အနှစ်နှစ်ဆယ်ကျော်အကြာမှာ အမေဖြစ်သူရဲ့ သေဆုံးမှုသတင်းနဲ့အတူ မီးသတ်ဌာနမှာ ကယ်ဆယ်ရေးအဖွဲ့ဝင်ဖြစ်လာခဲ့တဲ့အန်နာက ငယ်စဉ်က အိပ်မက်ဆိုးတွေကို မေ့ဖျောက်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေခဲ့ပါတယ်။ဒီလိုနဲ့ ရီယိုမုန်တိုင်းကြောင့် နေရာအနှံ့ရေကြီးခဲ့တဲ့အချိန်မှာ ဂေဟာတစ်ခုကို ကယ်တင်ဖို့ အန်နာတို့အဖွဲ့က တာဝန်ရရှိခဲ့ပါတယ်။အဲဒီဂေဟာက ရိုးရှင်းတဲ့ သက်ကြီးရွယ်အိုဂေဟာမဟုတ်ပဲထူးဆန်းနေတဲ့အခါ…အန်နာတို့အဖွဲ့က တစ်ယောက်စီခွဲသွားမိတဲ့နောက် သူတို့ကံကြမ္မာတွေကဘယ်လိုဖြစ်သွားမလဲ…အန်နာရဲ့သေသွားတယ်ဆိုတဲ့ အမေကို ဂေဟာမှာတွေ့နေရတဲ့အခါ…ဂေဟာကလူတွေကထွက်မသွားနိုင်ဘဲ ဘာကိုစောင့်နေကြတာလဲ…အန်နာနဲ့ကရော ဘာတွေပတ်သက်နေတာလဲ…အဲဒီအရာရဲ့ လက်ထဲက အန်နာလွတ်မြောက်နိုင်မလား…ဒါတွေကို ဒီဇာတ်ကားထဲမှာ အဖြေရှာရမှာပါ။