Romance on the Ranch HD

Romance on the Ranch

Comedy Drama Romance TV Movie HD 2024-10-01 6.2 95 Min

Romance ဇာတ်ကားလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်တွေအကြိုက်တွေ့စေမယ့် Romance on the Ranch ကားလေးကတော့ ဘဝကိုအသစ်တစ်ဖန်ပြန်စဖို့ကြိုးစားကာ အလုပ်သစ်တစ်ခု‌အတွက် Nevadaကိုခရီးနှင်လာတဲ့Sara ဆိုတဲ့ကောင်မလေးနဲ့ မွေးမြူရေးခြံက Aidan ဆိုတဲ့ အမျိုးသားလေးနဲ့ သူ့ညီ Porter တို့သုံးဦးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။S‌ara ရဲ့ညီမဖြစ်သူက Saraရဲ့ချစ်သူဟောင်းနဲ့လက်ထပ်ပြီးတဲ့နောက် Nevada ကိုအလုပ်သစ်အတွက်ခရီးထွက်လာရင်း လမ်းခုလတ်မှာကားပျက်ရာနေ Aidan တို့သားအဖနဲ့အမှတ်မထင်တွေ့ဆုံခဲ့ကြပါတယ်။ကူညီတတ်တဲ့ Aidanတို့သားအဖကြောင့် မွေးမြူရေးခြံလေးကိုခဏတာနားခိုဖို့ရောက်လာခဲ့တဲ့နောက် မိသားစုဆန်တဲ့နွေးထွေးပျူငှာမှုတွေ ချစ်ခြင်းမေတ္တာတွေကို ခံစားမိလာတဲ့ Sara ဟာဒီမိသားစုလေးအပေါ်တွယ်တာစိတ်ဖြစ်လာပြီး ခရီးဆက်ရမယ့်ရက်ရောက်လာတဲ့အခါ ဒီနေရာလေးကိုစွန့်ခွာပြီး Nevada ကိုခရီးဆက်သွားမလား၊သူလိုချင်မိတဲ့ ပျော်ရွှင်စရာအိမ်လေးနဲ့ဘဝကိုရွေးချယ်သွားမလားစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။