The Mystery of Lop Nur HD

The Mystery of Lop Nur

Action Adventure Science Fiction HD 2022-02-23 5.833 86 Min

ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုကထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေကအဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲထူးဆန်းစွာပေါ်လာပါတယ်။ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကိုတည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာသဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့်မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။