ဇာတ်ညွှန်းလေးကိုပြောပြရမယ်ဆိုရင်အရှေ့တောင်အာရှမှာ မူးယစ်ဆေးအရောင်းအဝယ်တွေအတော်ပေါများနေပြီး ဟိုင်ယာ့မြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ရဲတပ်ဖွဲ့ခေါင်းဆာင် ယွီဖန်က သူ့အဖွဲ့သားတွေနဲ့အတူတိုင်းတစ်ပါးကနေ မှောင်ခိုတင်သွင်းနေတဲ့ မူးယစ်ကုန်သွယ်လမ်းကြောင်းတစ်ခုကိုခြေရာခံမိပြီး ပြည်တွင်းမှာ မှောင်ခိုဖြန့်ချီနေတဲ့ လီယုံကို သတိထားမိသွားရာကနေသူ့နောက်ကွယ်က အဝယ်တော်ကို အမိဖမ်းပြီး မူးယစ်ကုန်သွယ်လမ်းကြောင်းကိုအမြစ်ပြတ်ရှင်းထုတ်ဖို့ စစ်ဆင်ရေးစတင်ခဲ့ပါတော့တယ်စစ်ဆင်ရေးပိုမိုအရှိန်ပြင်းလာတာနဲ့အမျှ ပေးဆပ်မှုတွေကလည်းပိုလို့ပြင်းထန်လာပါတယ်မကောင်းမှုပြုတဲ့သူ မှန်သမျှဟာ နောက်ဆုံးမှာတော့ ကိုယ်ပြုခဲ့တဲ့အကျိုးသက်ရောက်မှုကို ခံစားရစမြဲပါ အဲ့တော့ နောက်ဆုံးမှာဘယ်သူတွေက ဘယ်လိုစတေးပြီး တိုင်းပြည်အတွက် အကျိုးရှိမယ့်အရာကို အကောင်ထည်ဖော်သွားမလဲဆိုတာကိုတော့အခုတင်ဆက်ပေးမယ့် Drug Hunters ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်