ကဲ American Pie (1999) အပြီးမှာတော့ အဆက်အနေနဲ့ ဆက်ထွက်ထားတဲ့ American Pie 2 (2001) လာပါပြီ။ရှေ့ကားက ဇာတ်ကောင်တွေဖြစ်ကြတဲ့ မင်းသား Jason Biggs, Seann William Scott, Chris Klein, Thomas Ian Nicholas နဲ့ Eddie Kaye Thomas တို့အုပ်စုပဲ အဓိကပါဝင်ထားပြီးပထမဇာတ်ကားရဲ့နောက်ဆုံးခန်းမှာ ဆုတောင်းခဲ့ကြတဲ့ သူတို့ရဲ့ နောက်တဆင့်ခြေလှမ်းတွေအကြောင်းပေါ့။ဒီခါတော့ Jim တို့ Stifler တို့အုပ်စု အထက်တန်းကျောင်းပြီးလို့ ကောလိပ်တွေရောက်နေကြပြီးနွေရာသီကျောင်းပိတ်ရက်မှာ ကောလိပ်ကနေ မွေးရပ်မြို့ကိုပြန်လာကြပါတယ်။ဒီတော့ တယောက်တကျောင်းစီတက်နေရလို့ မတွေ့ရတာကြာပြီဖြစ်တဲ့ သူတို့သူငယ်ချင်းတွေပါတီလုပ်ပြီး အမုန်းကဲကြဖို့ ကမ်းခြေက အိမ်တစ်လုံးကိုငှားဖို့ စီစဉ်ကြပါတော့တယ်….ထုံးစံအတိုင်း လုပ်လိုက်တိုင်း လွဲနေကျ Jim တို့အုပ်စုကြီးနဲ့ ဘာမှဂရုမစိုက်ဘဲ နင်းကန်ချတတ်တဲ့စတစ်ဖလာတို့ဘော်ဒါတွေဘာတွေအလွဲလွဲအချော်ချော်တွေနဲ့ ပျော်ကြ ခွီကြရဦးမလဲဆိုတာ……….။ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီးမြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။(American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီးမိသားစုနဲ့ကြည့်လို့မရပါဘူး။)