ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ဘောလိဝုဒ်ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့်ဟာသအချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်ဗျ။ဒီကားမှာတော့ မင်းသားဖြစ်သူပရမ်းဟာ အမေရိကမှပညာသင်ပြီးပြန်လာတဲ့ သူဌေးသားလေးဖြစ်ပါတယ်။သူ့အဖေဟာ သားအပေါ်က မျှော်လင့်ချက်ကြီးလွန်းပြီးပြန်လာတာနဲ့ကုမ္ပဏီကိုလွှဲပေးဖို့ပြင်နေသူပါ။ဘုန်းတော်ကြီးတစ်ပါးရဲ့ဟောပြောချက်အရပရမ်းရဲ့ပထမဆုံးခြေလှမ်းဟာ ကုမ္ပဏီမှာဖြစ်မှကြီးပွားတိုးတက်မယ်လို့ တစ်ထစ်ချယုံကြည်ထားပေမဲ့သားတော်မောင်က ရုံးကိုမလာဘဲ အိမ်ပြန်သွားလို့ စိတ်ဆိုးနေပါတယ်။ပရမ်းကတော့ လူငယ်ပီပီ ဟောပြောချက်ကိုမယုံကြည်တာကြောင့်အဖေနဲ့သားကြားမှာ အလောင်းအစားတစ်ခုလုပ်ခဲ့ကြပါတော့တယ်။ဘယ်လိုအလောင်းအစားလုပ်ပြီး ဘယ်လိုအခြေအနေအခက်အခဲတွေတွေ့ရမလဲ..ဘယ်လိုလှည့်ကွက်တွေလာမလဲဆိုတာကိုတော့ ဇာတ်လမ်းတလျှောက်ကြည့်ရှုခံစားပေးပါဦးဗျာ။