Sandra Bullockရဲ့ ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ..FBIအေးဂျင့်ဂရေ့စ်ကမိန်းမဆန်ဆန်မနေတတ်သူတစ်ယောက်ပါ..မစ်ရှင်တွေမှာလည်းမဆင်မခြင်လုပ်ရပ်တွေနဲ့ပြသနာရှာတတ်သူတစ်ယောက်ပါ..တစ်နေ့မှာတော့ အလှမယ်ပြိုင်ပွဲကို ဗုံးဖောက်ရန်ကြံစဉ်နေမှုအားအသွင်ပြောင်းစုံစမ်းရန်ဖြစ်လာတဲ့အခါ သူ့ရဲ့နဂိုယောက်ျားဆန်တဲ့အကျင့်ကြောင့်အလှမယ်တွေကြားထဲမှာ အမျိုးမျိုးဒုက္ခရောက်ရင်းတစ်လွဲတစ်ချော်ဖြစ်ပုံတွေကိုဟာသမြောက်စွာကြည့်ရှုရမှာပါ..အလှမယ်နောက်ဆုံးပြိုင်ပွဲနေ့ကို ဖောက်ခွဲသူတွေဦးတည်ချက်ထားမှန်းသိသွားချိန်မှာတော့ဗုံးဖောက်ခွဲသူကိုလက်ရဖမ်းဆီးနိုင်ရန်ဆန်ခါတင်အလှမယ်၅ယောက်ထဲပါဖို့ကြိုးစားရန် လိုအပ်လာပါတော့တယ် ..အေးဂျင့် ဂရေ့စ်ကဘယ်လိုကြိုးစားမလဲ ဗုံးဖောက်ခွဲမှုကိုရော တားဆီးနိုင်မှာလားဆိုတာ ရင်တမမကြည့်ရမယ့်ဟာသကားကောင်းတစ်ကားဖြစ်ပါတယ်..