Won 2 Oscars. Another 81 wins & 57 nominationsဒီကားက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု နဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရရှိထားပါတယ်…အခြားဆု(၈၁)ဆုရရှိခဲ့ပြီး ဆန်ကာတင် (၅၇ဆုလည်းဝင်ခဲ့တယ်…မင်းသမီးကတော့ Three Billboards Outside မှာ အော်စကာထပ်ရခဲ့တဲ့ Frances McDormand ပါပဲ…ဒီကားက ၁၉၈၇ ခုနှစ် မီနီဆွန်တာမှာဖြစ်ခဲ့တဲ့ တကယ့်မှုခင်းကြီးကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ….သိပ်ချမ်းသာတဲ့မိသားစုတစ်စုရှိတယ်…..ယောက္ခမက စည်းကမ်းကြီးသလို တိလည်းတိကျတယ်…ဒီမိသားစုမှာ သားမက်ကတော့ စီးပွားရေးပိုင်းရောလူမှုရေးပိုင်းရော အားနည်းတယ်…ဒါ့အပြင် အသုံးအစွဲကလည်းမတတ်ဆိုတော့ ကြာတော့ ငွေကအရမ်းလိုလာတယ်..ဒီတော့ ပြန်ပေးသမားတွေနဲ့ပေါင်းပြီး ကိုယ့်မိန်းမကိုယ်ပြန်ပေးဆွဲဖို့စီစဉ်တယ်..ယောက္ခမဆီကနေ ငွေညှစ်မယ်ပေါ့…သို့သော်လည်း သူထင်သလောက်ရိုးရိုးရှင်းရှင်းလေးဖြစ်မသွားဘူး….ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ဦးဗျို့ကားသစ်တွေကိုတစ်ခါတစ်ရံစိတ်တိုင်းမကျတဲ့သူတွေအဖို့ ဒီလိုကားမျိုးကို နင်းကန်ကြည့်ဖို့ပြောပါရစေ…