ဒါရိုက်တာ Natalie Bailey ရိုက်ကူးထားတဲ့ ဟာသဇာတ်ကားတစ်ခုဖြစ်ပါတယ် ။မိသားစုဆက်ဆံရေးကြားမှာ စည်းဖောက်မှုတွေ နှင့် ဆယ်ကျော်သက်လေးတွေရဲ့အိမ်မက်တွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားကြပါတယ်။Jackie van Beek သရုပ်ဆောင်ထားသော မိခင် Ronnie က မိမိရဲ့မအောင်မြင်ခဲ့သော သရုပ်ဆောင်ဘဝကို သမီး Audrey (Josephine Blazier) အတွက်ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း သမီးနှင့် အပြင်းအထန်ပဋိပက္ခများကြုံတွေ့ရပါတယ်။Audrey သည် မတော်တဆ rooftop မှ ပြုတ်ကျပြီး မေ့မြောတဲ့ အခြေအနေကို ရောက်သွားသောအခါ မိခင်Ronnie က သမီးအဖြစ် ဝင်ရောက်ပြီး မိမိရဲ့အိမ်မက်များကို ပြန်လည်ဖော်ဆောင်ရန် ကြိုးစားပါတော့တယ်။ဇာတ်လမ်းမှာ Hannah Diviney သရုပ်ဆောင်ထားတဲ့ ညီမ Norah ၏ သရုပ်ဆောင်ချက်ကဟာသအနေနဲ့ ဇာတ်လမ်းကို ပိုပြီးတော့ကြည့်ချင်စိတ်ဖြစ်စေပါတယ်။ဇာတ်လမ်းတစ်ခုလုံးမှာ ဟာသနှင့် မိသားစုဒရမ်မာတို့ကို ပေါင်းစပ်ထားပြီး Jackie van Beek ၏ သရုပ်ဆောင်ချက်ကလည်း ဟာသနှင့်ဒရာမာတွေကို ပေါင်းစပ်ပြသနိုင်ပါတယ်။Audrey ရဲ့ အိမ်မက်တွေကို ရှာဖွေရင်း၊ အိမ်မက်တွေကိုအကောင်အထည်ဖော်ခြင်းများ နှင့် အတူ ရယ်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းတစ်ခုပါတယ်။