Traffic HD

Traffic

Crime Drama Thriller HD 2000-12-27 7.067 147 Min

ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အော်စကာဆု ၄ခုရရှိထားတဲ့ Traffic ဆိုတဲ့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မူးယစ်ဆေးဝါးကိုမှောင်ခိုရောင်းဝယ်နေကြတဲ့ ကုန်အဖွဲ့ကြီးတွေ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေနဲ့ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုကို တိုက်ဖျက်ဖို့ကြိုးစားနေသူတွေကြားက မူးယစ်ဆေးဝါးတိုက်ပွဲကိုစိတ်ဝင်စားဖွယ်တွေ့မြင်ရမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဖမ်းဆီးဖို့ကြိုးစားရင်း အထက်လူကြီးတစ်ဦးရဲ့ တားဆီးမှုကိုခံရပြီးနောက် နောက်ကွယ်ကဖြစ်ရပ်တွေကိုသိရှိသွားတဲ့မက်ဆီကိုနိုင်ငံမှ ရဲအရာရှိ Javier အမျိုးသားမူးယစ်ဆေးထိန်းချုပ်ရေးအဖွဲ့မှာ ခန့်ထားခံရပြီး မူးယစ်ဆေးဝါးကုန်သွယ်နေတဲ့ ဂိုဏ်းကြီးတွေကို နှိမ်နင်းဖို့ကြိုးစားနေတဲ့ တရားသူကြီး Robert Wakefieldကျောင်းမှာ စာသာမက ဘက်စုံတော်တဲ့ ကျောင်းသူတစ်ဦးဖြစ်ပေမယ့် မူးယစ်သားကောင်ဖြစ်နေတဲ့ Caroline မူးယစ်ဆေးဝါးဖြန့်ဖြူးသူအဖြစ် တရားစွဲခံထားရသူ ခင်ပွန်းသည်ကို အမှုမှလွတ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားနေတဲ့ Helena မူးယစ်ဂိုဏ်းကိုတရားဥပဒေအရ အပြစ်ပေးခံရဖို့ကြိုးစားနေရင်း မိတ်ဆွေရဲဘော်ကိုဆုံးရှုံးလိုက်ရတဲ့ အမေရိကန်ရဲအရာရှိ Moty စတဲ့ဇာတ်ကောင်တွေရဲ့ မတူညီတဲ့ရုန်းကန်မှုတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။မူးယစ်ကုန်သည်ဂိုဏ်းကြီးတွေနဲ့ မူးယစ်ဆေးဝါးကိုတိုက်ထုတ်ဖို့ကြိုးစားနေတဲ့ သူတို့အကြား အစိုးရဘက်ကပဲ မူးယစ်ဂိုဏ်းတွေကိုအနိုင်ရသွားမလား မူးယစ်ဆေးဝါးကုန်သည်တွေကိုတရားဥပဒေအတိုင်းအပြစ်ပေးသွားနိုင်မလား တိုင်းပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျအောင် တိုက်ပွဲဝင်နေတဲ့ Wakefield တစ်ယောက်သမီးဖြစ်သူရဲ့ဘဝကိုရော ကယ်တင်ပေးနိုင်ပါ့မလား ဆိုတာကိုစိတ်ဝင်စားဖွယ်မြင်တွေ့ရမယ့် ဇာတ်ကားလေးမို့ ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ပါတယ်။