(လိင်မှုဆိုင်ရာ အကြမ်းဖက်မြင်ကွင်းများ၊ ပွင့်လင်းမြင်သာသော ပြကွက်များ ပါဝင်သောကြောင့် မိသားစုနှင့် ကြည့်ရှုရန် မသင့်တော်ပါ)ဒေါက်တာကြီး ဂျွန်တို့ရဲ့ သမီးတော်ကလေး မယ်ရီ ၁၇ နှစ် ပြည့်လေပြီ။မြီးကောက်ပေါက် ဆယ်ကျော်သက်ဖြစ်သူပီပီ မြို့ထဲကို ရှိုးပွဲသွားကြည့်ချင်နေတော့ လွှတ်လိုက်ရတာပေါ့။သိတဲ့အတိုင်း မယ်ရီနဲ့အတူတူ ပေါင်းသင်းနေတဲ့ကလေးမလေးက အသွက်တစ်လိုင်းဖြစ်ပြီးနေတာလည်း မြို့ဆင်ခြေဖုံးရပ်ကွက်ဆိုတော့ရှိုးပွဲမကြည့်ခင်လေး ဆေးခြောက်သောက်ချင်ရာကနေ လိုက်ရှာကြရော။ဒါပေမဲ့ အဲဒီအချိန်မှာပဲ တကယ့်အာဂ လူသတ်သမား လူဆိုးလူမိုက်ကြီး ၂ ယောက်ကိုခပ်ငယ်ငယ်လူရွယ်လေးရယ် အမျိုးသမီးတစ်ဦးရယ်က ထောင်ဖောက်ပြေးတာ ကူညီပေးပြီး လွတ်မြောက်နေတဲ့အချိန်ဆယ်ကျော်သက်သမီးပျိုလေး နှစ်ယောက်ရယ် ဒီ ဝရမ်းပြေးတွေရယ် ဘယ်လို ဆုံတွေ့ကြမလဲမိဘနှစ်ပါးကရော ဘယ်လိုအရေးကြီးတဲ့နေရာကနေ ပါဝင်လာမလဲရဲတွေကရော ဘာလုပ်မလဲ စသဖြင့်တင်ဆက်ထားတဲ့ ခေတ်ဟောင်းရုပ်ရှင်ကားလေး ဖြစ်ပါတယ်။